လူငယ်တွေအကြိုက်ဆုံး စမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ realme ဟာ ၂၀၂၄ ခုနှစ်မှာ အားလုံးရဲ့အိပ်မက်နဲ့ ဆန္ဒတွေကို ပြည့်ဝဖော်ဆောင်ပေးနိုင်စေဖို့ Make it real. ဆိုတဲ့ဆောင်ပုဒ်သစ်နဲ့အတူ ရဲရင့်စွာဖြတ်သန်းလျှောက်လှမ်းလျက်ရှိသလို လစဥ်လုပ်ဆောင်နေကြ REALHOPE ဆိုတဲ့ CSR လှူဒါန်းမှုအတွက် တွံတေးမြို့နယ်က ဆောက်ရှောက်ခံဧဗနေဇာဂေဟာ နဲ့ အလယ်တန်းကျောင်းတစ်ခုကိုသွားရောက်ကာ သိန်း၂၀ ကျော်တန်ဖိုးရှိ realme အမှတ်တံဆိပ်ထီး၊ realme ကျောင်းသုံးစာအုပ်၊ ဘော်ပင်၊ ခဲတံများနဲ့အတူ မုန်းများကို Tech Media နဲ့ realme အမာခံပရိသတ်တွေနဲ့အတူ လှူဒါန်းဝေငှပေးခဲ့ပါတယ်။


အခုလိုအချိန်အခါကာလမျိုးမှာ ကျောင်းတက်ကလေးငယ်များအတွက် လိုအပ်နေတဲ့အစိတ်အပိုင်းလေးတွေကို တတ်စွမ်းသလောက် ကူညီခွင့်ရတဲ့အတွက်လည်း realme အနေနဲ့များစွာဂုဏ်ယူဝမ်းသာမိပါတယ်။


“ဧဗနေဇာစောက်ရှောက်ရေးဂေဟာလေးဖြစ်တည်နေတာက ၂၀၁၂ လောက်ကတည်းကဖြစ်ပြီး တွံတေးကာလမ်းမဘေး ထော်သိုအုပ်စုမှာရှိတဲ့ ကျောက်စရစ်ကုန်းကျေးရွားလေးထဲမှာရှိတာဖြစ်လို့ အများစုကတော့ သေသေချာချာသိရှိတာမျိုးမရှိပါဘူး။ ဒေသခံတချို့နဲ့ဆက်စပ်သိရှိသူ တချို့လောက်သာ တတ်နိုင်တာလေးတွေလာရောက်လှူဒါန်းတာမျိုးပဲရှိပါတယ်။ အားလုံးပေါင်းက လူ ၇၀ ကျော် ၈၀ နီးပါးရှိပါတယ်။ ကျောင်းနေကလေးကတော့ ၅၀ဝန်းကျင်လောက်ရှိပါတယ်။ စားဝတ်နေရေးခက်ခဲတော့ ကျောင်းသုံးပစ္စည်းတွေ၊ ဗလာစာအုပ်တွေ သိပ်မဝယ်ပေးနိုင်ပါဘူး။ အခုလိုမျိုး ကျောင်းသုံးစာအုပ်တွေနဲ့ လိုအပ်တဲ့ထီးတွေ အကုန်လာလှူပေးတာ တကယ်ကို မွန်မွန်မြတ်မြတ်နဲ့ ကျေးဇူးတင်ရပါတယ်” လို့ ကျောင်းတာဝန်ခံ ပရဟိတဆရာလေးက ဝမ်းသာအားရကျေးဇူးတင်ကာ ပြောဆိုသွားခဲ့ပါတယ်။


ဒါ့အပြင် နယ်ခံအစ်ကိုတစ်ယောက်ရဲ့ကူညီမှုနဲ့အတူ ချို့တဲ့ကျောင်းသားလေးများရှိတဲ့ အလယ်တန်းကျောင်းတစ်ကျောင်းကိုလည်း ဗလာစာအုပ်၊ ထီး၊ ဘောပင်များကို ဝေမျှကာ လှူဒါန်းပေးခဲ့ပါတယ်။

ဒါကြောင့် စေတနာရှင်များက အကြောင်းညီညွတ်လို့ သွားရောက်လှူဒါန်းချင်တယ်ဆိုရင် ဖော်ပြပါဖုန်းနံပါတ်တွေကနေတစ်ဆင့် ဆက်သွယ်မေးမြန်လှူဒါန်းနိုင်ကြောင်း ထပ်ဆင့်သတင်းစကားဝေမျှပေးလိုက်ပါတယ်။ (ဖုန်း – ၀၉ ၄၂၀၂၂၇၃၃၉၊ ၀၉ ၄၄၅၇၀၀၀၃၉)

realme အနေနဲ့လည်း ဇူလိုင်လအတွက် လှူဒါန်းမှုအဖြစ် နောက်ထပ်လိုအပ်တဲ့နေရာလေးများကို ရွေးချယ်ကာ လှူဒါန်းပေးသွားမှာဖြစ်လို့ လှူဒါန်းလိုတဲ့နေရာလေးတွေကိုလည်း ကွန်မန့်အောက်ကနေတစ်ဆင့် ဖော်ပြအကြံပေးနိုင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

 

Media release: realme