vivo V30 Series ရဲ့ V30e ကို တရားဝင် မိတ်ဆက်လိုက်သည်။ ယခုမိတ်ဆက်လိုက်သောဖုန်းသည် ပြောင်မြောက်လှစွာသော ပေါင်းစပ်မှု၊ ကျက်သရေရှိပြီး အဆင့်မြင့်နည်းပညာတို့ကို ယူဆောင်လာခဲ့သည်။​ V30e မြင့်မားသော 120 Hz refresh rate ပါသည့် 3D Curved မျက်နှာပြင် နှင့်အတူ သာလွန်ကောင်းမွန်သည့် အသုံးပြုသူ အတွေအကြုံတစ်ခုကို ပေးထားသည်။

V30e တွင် အစွမ်းထက်လှသော ပုံရိပ်ဖော်နိုင်စွမ်းများ ပါရှိရုံသာမက ရင်သပ်ရှု့မျှော်ဖွယ် portrait များကို ဖမ်းယူနိုင်ရန် အတွက် Aura Light Portrait ကိုလည်းထည့်သွင်းပေးထားပါသည်။​ အသစ်ထုတ်လိုက်သည့် အဆိုပါဖုန်းအနေဖြင့် အဆုံးမရှိသော ဖြစ်နိုင်ချေရှိသည့် ကမ္ဘာကို စူးစမ်းနိုင်ဖို့အတွက် သုံးစွဲသူများကို ဖိတ်ခေါ်လိုက်ပါသည်။ ဒစ်ဂျစ်တယ် လူနေမှုပုံစံကို မြှင့်တင်ရန် အတွက် ပါဝင်သည့် feature များကိုဒီဇိုင်းထုတ်လုပ်ထားသည့် vivo V30e နှင့်အတူထူးခြားသည့် ခရီစဥ်ကို စတင်ရန် အတွက် အဆင့်သင့်ဖြစ်နေပါစေ။​

V30e သည် မြန်ဆန်သော 120 Hz refresh rate နှင့် 3D Curved မျက်နှာပြင် ပါရှိခြင်းကြောင့် ဒီဇိုင်းပိုင်း တွင်ထင်ရှားသည်။ ၎င်းသည် scrolling မှ gaming အထိ အရာအားလုံးကို မယုံနိုင် လောက်အောင်ချောမွေ့သော ခံစားချက်အတွေ့အကြုံကို ပေးသည်။ အလွန်ကိုမှ ကျစ်လစ်လှသော bezel နှင့် တွဲဖက်ထားသည့် မျက်နှာပြင် ကွေးဒီဇိုင်းသည် မြင့်ကွင်းကိုချဲ့ထွင်ပေးနိုင်ပြီး ဖုန်းကို ပရီမီယံအသွင်အပြင် အဖြစ် ဖြစ်ပေါ်စေပါသည်။​ vivo V30e ကို အရောင် နှစ်ရောင် ရရှိနိုင်မှာဖြစ်ပြီး အရောင်တစ်ခု ချင်းစီ၏ အရောင်အသွေးလှပမှုကို ဂရုတစိုက်နှင့် အနက်အဓိပ္ပါယ် ဖွင့်ထားသည်။​

Classy Brown အရောင်အား ထူးခြားဆန်းပြားတဲ့ ခံစားမှုကို ရယူထားပြီး luxury ပစ္စည်းတွေ ဖြစ်သည့် ကောင်းမွန်သော အဝတ်အစားများ၊ ဝတ်စုံများ နှင့် နာရီများကိုပါရှိသော ကျက်သရေ ရှိသည့် အဆင့်မြင့် အနီရောင်ကို နမူနာယူထားပါသည်။ ဖုန်း၏ နောက်ကျောပြင်ကို ဘယ်ဘက်ခြမ်းမှာ နူးညံ့ပြီး တောက်ပသည့် matte အသွင်အပြင်နှင့် ညာဘက်ခြမ်းတွင် တောက်ပသော ပိုးဂရစ် ပုံစံဖြင့် ပြီးပြည့်စုံစွာ တွဲစပ်ထားပါသည်။ Sunny Green အရောင်ကတော့ သဘာဝ၏ လက်ဆတ်မှု ကိုပေးစွမ်းနိုင်ပါသည်။

“Time Messenger” ကင်မရာ module သည်အဆင့်မြင့် နာရီများကို နမူနာယူထားပြီးတော့ ဖုန်း၏ အဆင့်အတန်းတစ်ခုအဖြစ် ထိတွေ့နိုင်ရန် ဖန်တီးပါသည်။​ ကျောဘက်ကင်မရာ မှန်ဘီလူးကိုလည်း ဖုန်း၏ ကျောဘက်တွင် ထူးခြားဆန်းသစ်သောအသွင်အပြင်ကို ပေးစွမ်းနိုင်မည့် Aura Light နှင့် ကင်မရာ အပြင်ဘက် ring ကိုလည်း နေရောင်ခြည်ဖြာထွက်သည့် ဒီဇိုင်းတို့ဖြင့် သေသေသပ်သပ်ထည့်သွင်းထားပါသည်။​

vivo မှ တာဝန်ရှိသူဖြစ်သည့် CEO ဖြစ်သူ Mr. Nelson Ni က “ကျွန်တော်တို့အနေနဲ့ vivo V30e ကို ဝမ်းမြောက်ဝမ်းသာ နဲ့မိတ်ဆက်ပေးလိုက်ပါတယ်။​ ဒီစမတ်ဖုန်းက အမြင်အာရုံကို ဆွဲဆောင်နိုင်ရုံသာမက အားအင်အပြည့် လည်းဖြစ်နေပါတယ်။​ ဒီဖုန်းက သုံးစွဲသူတွေရဲ့ နေစဥ်ဘဝအလှကို ဖမ်းစားနိုင်ဖို့အတွက် ဒီဇိုင်းထုတ် လုပ်ထားတာလည်းဖြစ်ပါတယ်။ vivo ရဲ့ V30e က သုံးစွဲသူတွေအတွက် စက်ပစ္စည်းတစ်ခုထက်ပိုတဲ့ စိတ်ချရတဲ့ အဖော်မွန်ကောင်းဖြစ်လာ လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်နေပါတယ်။” ဟု ပြောကြားခဲ့သည်။

အမြင်အာရုံကို လွှမ်းမိုးမှုရှိသော ယခုခေတ်တွင် vivo V30e သည် shutter ကိုဖိလိုက်တိုင်း အနုပညာ ဖန်တီးမှုတစ်ခု၏ အစအဖြစ် ပြောင်းလဲရန် အလားအလာရှိသည်။​ vivo V30e သည် သုံးစွဲသူများ ရင်သပ်ရှုမောဖွယ် ဓာတ်ပုံများ ရိုက်ကူးနိုင်စေရန်အတွက် hardware နှင့် software နှစ်မျိုးစလုံးတွင် သိသာထင်ရှားသော အဆင့်မြှင့်တင်မှုများ ပြုလုပ်ထားပါသည်။

V30e ၏ ထင်ရှားသော feature များထဲမှာတစ်ခုကတော့ V series များတွင်ပါဝင်သော အလွန်ကျော်ကြား သည့် Aura Light Portrait feature ထောက်ပံ့ပေးထားခြင်းဖြစ်သည်။​ Smart Color Temperature Adjustment feature ကလည်း ပတ်ဝန်းကျင် အလင်းရောင်ကို အခြေခံပြီး တောက်ပမှုကို အလို အလျောက် ချိန်ငြှိပေးနိုင်ပြီး အချိန်တိုင်းအတွက် အကောင်းဆုံးရလဒ်များကို ပေးစွမ်းနိုင်ပါသည်။​

သုံးစွဲသူများ ၎င်းတို့၏ စိတ်ကျေနပ်ဖွယ် portrait ပုံများကို ​ရိုက်ကူးပြီးသည်နှင့် အသစ်မိတ်ဆက် ထားသည့် Color-Adaptive Border feature ၏ အားသားချက်ကို အသုံးပြုကာ အနုပညာ မြောက်ပြီး ကိုယ်ပိုင်ခံစားချက်တွေကို ပြသသည့်နေရာ ပိုမိုမြှင့်တင်နိုင်မှာဖြစ်သည်။​ ထို့အပြင် V30e တွင်အရည်အသွေးမြင့်မားပြီး 50-megapixel ပါဝင်ပြီး pixel ၏ တန်ဖိုးနှင့် သာလွန်သောအလင်းအာရုံခံနိုင်သည့် Sony IMX882 Camera ကို တပ်ဆင်ထားပါသည်။

၎င်းက ဖုန်းကို အလင်းရောင်နည်းသော ပတ်ဝန်းကျင်တွင်ပင် ပြတ်သားပြီး အသေးစိတ် portrait များကို ဖမ်းယူနိုင်ပါသည်။ ကင်မရာမှန်ဘီလူးသည်လည်း ပရော်ဖက်ရှင်နယ် အဆင့် portrait ရိုက်ကူးမှုအတွေ့အကြုံကို ပေးစွမ်းနိုင်သည့် 2x Professional Portrait Mode ကို ပံ့ပိုးပေးနိုင်သောကြောင့် ပိုမိုသဘာဝ ကျပြီး လူ့မျက်လုံး၏ အမြင်နှင့် လိုက်လျောညီထွေရှိသော ဓာတ်ပုံများကို ထုတ်လုပ်ပေးနိုင်သည်။

V30e က အားသွင်းမြန်ဆန်သည့်စနစ် နှင့် အားကြာရှည်ခံသည့်ဘက်ထရီ တို့က သုံးစွဲသူတွေကို အထင်ကြီးစေပါသည်။​ ဖုန်းတွင် စွမ်းရည်မြင့် 5,500 mAh (TYP) battery ပါ၀င်လာတာကြောင့် ကြာရှည်စွာအသုံးပြုပြီးနောက်တွင်ပင် ချိတ်ဆက်မှုနှင့် ဖျော်ဖြေရေး တို့ကို အနှောက်အယှက် ကင်းစွာ ဆက်လက်ပြီး သေချာစွာသုံးနိုင်မှာဖြစ်ပါသည်။

ထို့အပြင် အားသွင်းခြင်း နှင့် လိုအပ်သလို အားသွင်းခြင်းလုပ်ငန်းစဥ် အကြိမ် ၁၆၀၀ ဆောင်ရွက်ထားသော်လည်း ဘက်ထရီ၏ စွမ်းရည်ကို ၈၀​ ရာခိုင်နှုန်းအထိ ထိန်းသိမ်းထားရန် စေ့စပ်သေချာစွာ ပြင်ဆင်ထားပါသည်။ ဤအရာက သုံးစွဲသူတွေအတွက် လေးနှစ်အထိ တည်ငြိမ်စွာ သုံးစွဲနိုင်သည့်အတွေ့အကြုံကို အသေအချာ ပေးစွမ်းနိုင်ပါသည်။ 8 GB + 8 GB Extended RAM နည်းပညာသည် multitasking များကိုလွယ်ကူ ချောမွှေ့စွာသုံးနိုင်သည့် အတွေ့အကြုံကို ရနိုင်မှာပါ။​ သိုလှောင်မှု 256GB ပါရှိသောကြောင့် ဓာတ်ပုံနှင့် သီချင်းအတွက်နေရာများစွာ အသုံးပြုနိုင်သည်။

V30e သည် နောက်ဆုံးပေါ် Qualcomm Snapdragon® 4nm ပရိုဆက်ဆာဖြင့် ပြုလုပ်ထားသည့် ချစ်ပ်ကိုလည်း ပါရှိသောကြောင့် နေ့စဉ်အသုံးပြုခြင်းနှင့် ဂိမ်းဆော့ခြင်းတို့တွင် ဖုန်း၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်သည်။

vivo V30e ကို ၁,၂၉၉,၈၀၀ ကျပ်ဖြင့် ကြိုတင်မှာယူနိုင်ပြီဖြစ်သည်။ V30e ကို မေလ ၁၃ ရက်နေ့မှာ စတင်ပြီး vivo Showroom (သို့မဟုတ်) vivo Counter ရှိသော မိုဘိုင်းဖုန်းအရောင်းဆိုင် များတွင်မှာယူနိုင်ပြီဖြစ်သည်။ ကြိုတင်မှာယူပါက Portable Microphone speaker ကို လက်ဆောင်အနေဖြင့်ပေးအပ်သွားမည်ဖြစ်ပါသည်။

V30e သည် အသုံးပြုသူများအတွက် ဓာတ်ပုံပညာစွမ်းရည်ကို တိုးမြှင့်ပေးနိုင်မည့် Aura Light Portrait အဆင့်မြှင့် curved screen နှင့် လှပသော အရောင်ရွေးချယ်စရာများကြောင့် ၎င်းကိုနှစ်သက်စေ မည်ဟု ကတိပြုသည်။ V30e ၏ ပြောင်မြောက်သော ဒီဇိုင်းနှင့် ထူးခြားသော ရုပ်ပုံများကို ဖန်တီးပေးနိုင်သည့် အရည်အသွေးများကြောင့် ခေတ်သစ် စမတ်ဖုန်း အတွေ့အကြုံကို ရရှိနိုင်မည် ဖြစ်သည်။

media release: vivo