Nothing Phone (2a) ကို မတ်လက ကြေညာခဲ့ပြီး အခုတော့ ပိုစွမ်းရည်မြင့်တဲ့ မော်ဒယ်ကို မိတ်ဆက်လိုက်ပါတယ်။ Phone (2a) Plus မှာ ပိုကောင်းတဲ့ Chipset ၊ 50MP ဆဲလ်ဖီး ကင်မရာပါလာပြီး Grey နဲ့ Black အရောင် အသစ် ၂ ခု ထုတ်လုပ်ပေးထားပါတယ်။
Phone (2a) ရဲ့ Dimensity 7200 Pro ရဲ့ Overclocked Version ဖြစ်တဲ့ Dimensity 7350 Pro Chipset မောင်းနှင်ထားပါတယ်။ အရှေ့ဘက်မှာ 50MP ဆဲလ်ဖီး ကင်မရာ အသစ် နဲ့ အနောက်ဘက်မှာ 50MP Main , 50MP Ultrawide ကင်မရာတွေ တပ်ဆင်ထားပါတယ်။
6.7” AMOLED FHD+ 120Hz Display ပါလာပြီး 50W Wired Charging ထောက်ပံ့တဲ့ 5,000mAh Battery ထည့်သွင်းထားပါတယ်။ Android 14 အခြေပြု Nothing OS 2.6 မောင်းနှင်ထားပြီး ChatGPT Integration ပါလာပါတယ်။
Nothing Phone (2a) Plus ရဲ့ 12/256GB Version ကို ၃၉၉ ဒေါ်လာ သတ်မှတ်ထားပြီး nothing.tech ကနေ ကြိုတင်မှာယူနိုင်ပါပြီ။ လန်ဒန်မှာ ဒီလ ၃ ရက်နေ့နဲ့ အမေရိကန် နဲ့ အိန္ဒိယမှာ ဒီလ ၇ ရက်နေ့ ရောင်းချမှာပါ။
Ref : gsmarena