Geekbench ကို ဖန်တီးထားတဲ့ Primate Labs က Geekbench AI လို့ အမည်ပေးထားတဲ့ AI Benchmark Test အသစ်ကို ကြေညာလိုက်ပါတယ်။ iOS, Android , Windows, macOS နဲ့ Linux မှာ အသုံးပြုနိုင်ပြီး သင့် Device ဟာ Machine-learning Task တွေကို ဘယ်လောက် လျှင်မြန်စွာ ပြုလုပ်နိုင်သလဲ ဆိုတာ စစ်ဆေးပေးနိုင်ပါတယ်။
အဲဒီ Benchmarking Tool အသစ်ကို အရင်က Geekbench ML လို့ ခေါ်ပြီး အခုတော့ အများပြည်သူ အသုံးပြုနိုင်အောင် ဖြန့်ချိပေးလိုက်ပါတယ်။ Geekbench AI က Machine Learning Task တွေမှာ CPU , GPU နဲ့ NPU ရဲ့ စွမ်းရည်ကို စစ်ဆေးပေးနိုင်ပြီး တိကျမှုနဲ့ အမြန်နှုန်းအတွက် ရမှတ်တွေကို တွက်ချက်ပေးနိုင်ပါတယ်။
Geekbench AI ဟာ macOS , iOS အတွက် CoreML , Windows နဲ့ Linux အတွက် OpenVINO , Snapdragon ပါတဲ့ Arm PC အတွက် QNN နဲ့ Android Device တွေအတွက် ကုမ္ပဏီ သတ်မှတ်ထားတဲ့ Framework တွေ အပါအဝင် AI Framework များစွာကို ထောက်ပံ့ထားပါတယ်။
စမ်းသပ်ချိန်မှာ Device တွေဟာ အမြင့်ဆုံး စွမ်းရည်ရစေဖို့ အနည်းဆုံး နည်းလမ်း ၅ ခုနဲ့ Workload တိုင်းကို စမ်းသပ်တာ ဖြစ်ပါတယ်။ Geekbench AI ကို Geekbench Browser မှာ ထည့်သွင်းထားပြီး Device တွေအကြားမှာ Cross-comparison ကို ထောက်ပံ့ထားပါတယ်။
Ref : gsmarena