ဗြိတိန်မှ ရဲတပ်ဖွဲ့က နှစ်များစွာ မဖြေရှင်းနိုင်တဲ့ အမှုတွေကို AI နည်းပညာ အကူအညီနဲ့ စုံစမ်းဖော်ထုတ်နေပါတယ်။ အဲဒီ AI ဟာ စုံထောက်တွေ ၈၁ နှစ်ကြာမှ ဖြေရှင်းနိုင်မယ့် အမှုတွေကို နာရီ ၃၀ အတွင်း ဖြေရှင်းပေးနိုင်ပါတယ်။

AI generated image of a noir scene with a detective following a lead investigating a case Illustration Stock | Adobe Stock

Avon and Somerset ရဲတပ်ဖွဲ့က စုံထောက်တွေ မဖြေရှင်းနိုင်တဲ့ အမှုတွေကို AI နည်းပညာနဲ့ ဖော်ထုတ်ဖို့ စမ်းသပ်ပြုလုပ်နေကြပါတယ်။

အဲဒီ AI ကို Soze Tool လို့ အမည်ပေးထားပြီး ဩစတြေးလျက တီထွင်ထားတာ ဖြစ်ပါတယ်။ AI က ဗီဒီယို၊ ငွေကြေး လွှဲပြောင်းမှု၊ လူမှုကွန်ရက်၊ အီးမေးနဲ့ တခြား စာရွက်စာတမ်းတွေကို တစ်ပြိုင်နက်ထဲ ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။

The AI Detective: AI and human

AI ဟာ နာရီ ၃၀ အတွင်း ရှုပ်ထွေးခက်ခဲတဲ့ သက်သေအထောက်အထားတွေကို စုံစမ်းစစ်ဆေးနိုင်ပါတယ်။ လူသား တစ်ယောက်အတွက် ၈၁ နှစ်ကြာ အချိန်ယူရမယ့် အလုပ်တွေ ဖြစ်ပါတယ်။

ဗြိတိန် အမျိုးသား ရဲတပ်ဖွဲ့ရဲ့ အကြီးအကဲ Gavin Stephens က ဒီနည်းပညာဟာ နိုင်ငံရဲ့ ကြာမြင့်ပြီ ဖြစ်ပြီး မဖော်ထုတ်နိုင်သေးတဲ့ အမှုတွေကို ပိတ်သိမ်းနိုင်ဖို့ ကူညီပေးနိုင်မယ်လို့ ပြောပါတယ်။

Ref : skynews