Infinix က Hot 50 Pro+ ကို ကြေညာလိုက်ပြီး ဒီဇိုင်း လှပပါတယ်။ အထူက ၆.၈ မီလီမီတာ ရှိပြီး Infinix က ကမ္ဘာ့ အပါးလွှာဆုံး 3D-curved SlimEdge Design လို့ ပြောပါတယ်။

Infinix Hot 50 Pro+ goes official with a 120Hz AMOLED screen and 6.8mm slim design

Infinix Hot 50 Pro+ ဟာ 4G စမတ်ဖုန်း ဖြစ်ပြီး Helio G100 SoC မောင်းနှင်ထားပါတယ်။ 8GB RAM နဲ့ 256GB Storage ထည့်သွင်းထားပြီး microSD Card စိုက်နိုင်ပါတယ်။

Infinix က Hot 50 Pro+ ရဲ့ Specs အပြည့်အစုံကို မပြောသေးပေမယ့် YouTube Channel မှာ တင်ထားတဲ့ ဗီဒီယိုတွေအရ အဲဒီစမတ်ဖုန်းမှာ 120Hz Always-on Curved AMOLED Display တပ်ဆင်ထားပြီး Gorilla Glass နဲ့ကာကွယ်ထားပါတယ်။ ဆဲလ်ဖီး ကင်မရာကို Punch Hole မှာ တပ်ဆင်ထားပြီး Display အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။ Display ကို ရေစိုတဲ့လက်နဲ့ ထိတွေ့ အသုံးပြုနိုင်ပါတယ်။

33W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပြီး USB-C Port ကနေ အားသွင်းနိုင်ပါတယ်။ IP54 စံနှုန်း ထောက်ပံ့ထားပြီး JBL Tuning ပါတဲ့ စပီကာ ၂ လုံး တပ်ဆင်ထားပါတယ်။

Infinix Hot 50 Pro+ ကို မာကျောပြီး အလွန်ပါးလွှာတဲ့ TitanWing Architecture နဲ့ တည်ဆောက်ထားပါတယ်။ အဲဒီဖုန်းအတွက် အရောင် ၃ မျိုး ထုတ်လုပ်ထားပြီး ကင်ညာမှာ အွန်လိုင်း စတိုးများစွာကနေ ကြိုတင်ဝယ်ယူနိုင်ပါပြီ။ Infinix က အဲဒီဖုန်းရဲ့ Specs အပြည့်အစုံကို မကြာခင်  ကြေညာနိုင်ပါတယ်။

Ref : gsmarena