Chery ကုမ္ပဏီက တရုတ် နိုင်ငံ Anhui မှာ ကျင်းပခဲ့တဲ့ 2024 Chery Global Innovation Conference မှာ “Land and Air Vehicle” အမည်ရ ကားပျံကိုပြသခဲ့ပါတယ်။ နမူနာမော်ဒယ်ဖြစ်ပြီး ကုမ္ပဏီက ဆက်လက် တီထွင်နေပါတယ်။ မိုင် ၅၀ ကို အောင်မြင်စွာ စမ်းသပ်ပျံသန်းပြီးပါပြီ။

ကားပျံမှာ စတီယာရင်နဲ့ ခြေနင်းတွေ မပါဘဲ မြေပြင်မှာ အလိုအလျှောက် မောင်းနှင်နိုင်သလို လေထဲမှာ အလိုအလျှောက်ပျံသန်းနိုင်ပါတယ်။ မြို့တွင်း ခရီးတိုသွားဖို့အတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ Flying Mode မှာ မြေပြင် ကနေ ဝေဟင်၊ ဝေဟင် ကနေ မြေပြင်ကို ဒေါင်လိုက် အတက်အဆင်းလုပ်နိုင်ပါတယ်။ အဲဒီအတွက် လေယာဉ်လို ပျံသန်းဖို့ ပြေးလမ်း မလိုအပ်ပါဘူး။

ကားပျံမှာ လူ ၂ ယောက်လိုက်ပါစီးနင်းနိုင်ပြီး ကီလိုမီတာ ၁,၀၀၀ အောက်မှာ ပျံသန်းနိုင်ပါတယ်။ အမြန်ဆုံး အနေနဲ့ ၁ နာရီကို ၁၂၀ ကီလိုမီတာနဲ့ ၄၀ မိနစ်ဝန်းကျင် ပျံသန်းနိုင်ပါတယ်။ လျှပ်စစ် ကားပျံ ဖြစ်ပြီး အလိုအလျှောက် ပျံသန်းနိုင်ပေမယ့် အရေးပေါ် အခြေအနေမှာ လူက ထိန်းချုပ်နိုင်ပါတယ်။

အနာဂတ်မှာ လျှပ်စစ်ကားပျံတွေ အပြိုင်အဆိုင် ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။ တရုတ်မှာ Xpeng , GAC, SAIC နဲ့ Geely တို့ကလည်း ကားပျံတွေကို အောင်မြင်စွာ သရုပ်ပြသခဲ့ကြပြီးပါပြီ။

Ref : carnewschina