ချန်ဂီ လေဆိပ်ရဲ့ Terminal ၄ ခုစလုံးမှာ Passport မလိုတဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်မှုကို စက်တင်ဘာလ ၃၀ ရက်နေ့ကတည်းက ပြုလုပ်ပေးထားတယ်လို့ စင်ကာပူ လူဝင်မှုကြီးကြပ်ရေးနဲ့ စစ်ဆေးရေးဂိတ် အာဏာပိုင် (ICA) က အောက်တိုဘာလ ၂၄ ရက်နေ့က ပြောပါတယ်။
အောက်တိုဘာလ ၁၅ ရက်နေ့အထိ ခရီးသွား ၁.၅ သန်းဟာ Passport မလိုဘဲ လူဝင်ကြီးကြပ်ရေး ဝန်ဆောင်မှုတွေကို ပြုလုပ်ခဲ့ကြတယ်လို့ ICA က ပြောပါတယ်။
အဲဒီ ဝန်ဆောင်မှုဟာ ခရီးသွား ၁ ယောက်အတွက် လူဝင်မှုကြီးကြပ်ရေး လုပ်ငန်း လုပ်ဆောင်တဲ့ အချိန်ကို ၆၀ ရာခိုင်နှုန်း လျှော့ချပေးပြီး ပုံမှန် ၂၅ စက္ကန့် ကနေ ၁၀ စက္ကန့်ပဲ ကြာမြင့်တယ်လို့ ICA က ပြောပါတယ်။ ခရီးသွားတွေအတွက်လည်း လူများစွာ တန်းစီစောင့်ဆိုင်းစရာ မလိုတဲ့အတွက် အချိန်ကုန်သက်သာသွားပါတယ်။ ဒီလို ပြုလုပ်ဖို့အတွက် ချန်ဂီ လေဆိပ်မှာ အဆင့်မြင့် Biometrics စစ်ဆေးတဲ့ နည်းပညာကို အသုံးပြုထားတာ ဖြစ်ပါတယ်။
အလိုအလျှောက် စစ်ဆေးတဲ့ စနစ်ကို အသုံးပြုတဲ့အတွက် လူဝင်မှုကြီးကြပ်ရေး အရာရှိတွေဟာ အင်တာဗျူး ပြုလုပ်တာ၊ စင်ကာပူ နယ်စပ်ကို လုံခြုံရေး တိုးမြှင့်တာနဲ့ တခြား လုပ်ငန်းတွေကို ပိုမို ပြုလုပ်လာနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
Ref : channelnewsasia