ဒေါ်လာ ၃,၅၀၀ တန်ကြေး ရှိပြီး နိုင်ငံတချို့မှာပဲ ရောင်းချထားတဲ့အတွက် Apple Vision Pro ဟာ စီးပွားရေးအရ ကြီးကြီးမားမား အောင်မြင်မှု မရှိပါဘူး။ Apple ဟာ နောက်နှစ်မှာ Apple M5 Chip အသစ် ပါတဲ့ မျိုးဆက်သစ် Vision Pro ကို ကြေညာမယ်လို့ ထင်ရပေမယ့် အဲဒီ မော်ဒယ်ဟာ ဈေးနှုန်း ချိုသာမှာ မဟုတ်ပါဘူး။

Affordable Apple Vision Pro 'Delayed Until After 2027'

အခုတော့ Apple အရေးကျွမ်းကျင်တဲ့ လေ့လာဆန်းစစ်သူ Ming-Chi Kuo က Apple ဟာ တန်ဖိုးနည်း Vision Pro ကို ဖန်တီးနေပေမယ့် ၂၀၂၇ ခုနှစ်နောက်ပိုင်းကျမှ ထုတ်လုပ်ရောင်းချမယ်လို့ ပြောပါတယ်။

Apple delays cheaper Vision Pro beyond 2027 - Ming-Chi Kuo - MacDailyNews

Kuo က M5 Chip ပါတဲ့ Vision Pro ကို နောက်နှစ်မှာ ရောင်းချမယ်လို့ ပြောပါတယ်။ သူက M5 Vision Pro ဟာ အသုံးဝင်မှု နည်းပါးပြီး တန်ဖိုးကြီးမားတဲ့အတွက် လူတော်တော်များများကို စွဲဆောင်နိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

Kuo က တန်ဖိုးနည်း  Apple Vision  Pro ကို HomePod Lineup နဲ့ နှိုင်းယှဉ်သုံးသပ်ပြပါတယ်။ တန်ဖိုးနည်း  HomePod Mini ဟာ လူကြိုက်များသလိုပဲ တန်ဖိုးနည်း Apple Vision Pro ဟာလည်း လူကြိုက်များနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Ref : gsmarena