ပညာရှင်တွေဟာ သန့်ရှင်းပြီး ရေရှည်တည်တန့်တဲ့ သယ်ယူပို့ဆောင်ရေး စနစ်ကို တီထွင်နေကြပြီး Thorium နဲ့ မောင်းနှင်တဲ့ ကားဟာ အလားအလာများစွာ ရှိနေပါတယ်။ ဒီနည်းပညာကို Laser Power Systems က အဆိုပြုထားတာ ဖြစ်ပြီး ၁ ခါအားဖြည့်ထားရင် နှစ်ပေါင်း ၁၀၀ မောင်းနှင်နိုင်မယ်လို့ ယုံကြည်ထားကြပါတယ်။

Thorium ဟာ သဘာဝအတိုင်း ဖြစ်ပေါ်တဲ့ ရေဒီယို သတ္တိကြွ ဒြပ်ထု ဖြစ်ပြီး စွမ်းအင် သိပ်သည်းဆ အလွန်များတဲ့အတွက် ထူးခြားပါတယ်။ Laser Power Systems က အဲဒီဂုဏ်သတ္တိကို အသုံးပြုပြီး Thorium နဲ့ မောင်းနှင်တဲ့ ကားအင်ဂျင်ကို ဖန်တီးဖို့ကြိုးစားနေပါတယ်။ ကုမ္ပဏီက Thorium ၈ ဂရမ်ဟာ ကားကို ရာစုနှစ် ၁ ခု မောင်းနှင်နိုင်မယ်လို့ ပြောပါတယ်။

Thorium ဂရမ် အနည်းငယ်မှာ အလားတူ အရွယ်အစားရှိတဲ့ ကျောက်မီးသွေးထက် စွမ်းအင်ဟာ အဆ သန်း ၂၀ ပိုမို ပါဝင်ပါတယ်။ Thorium ၁ ဂရမ်ဟာ လောင်စာဆီ ၇,၃၉၆ ဂါလန်ထက် စွမ်းအင် ပိုမိုများပြားပါတယ်။  အဲဒီအတွက် Thorium ဟာ ရေရှည် စွမ်းအင် ထုတ်လုပ်ဖို့အတွက် အလားအလာကောင်းတဲ့ ဒြပ်ထု ဖြစ်ပါတယ်။

Thorium နဲ့ မောင်းနှင်တဲ့ ကားဟာ သီအိုရီ အရ ၁ ခါအားဖြည့်ထားရင် မိုင် သန်းပေါင်းများစွာ မောင်းနှင်နိုင်ပါတယ်။ အန္တရာယ်ရှိတဲ့ ဖန်လုံအိမ်အာနိသင်ဓါတ်ငွေ့ ထုတ်လွှင့်မှု မရှိတဲ့အတွက် သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှု မရှိပါဘူး။

ဒါပေမယ့် Thorium နဲ့ မောင်းနှင်တဲ့ ကားဟာ မကြာခင် ထွက်လာဦးမှာ မဟုတ်ဘဲ နှစ်များစွာကြာ သုတေသနပြုလုပ်ကာ တီထွင်ကြရဦးမှာ ဖြစ်ပါတယ်။

Ref : myelectricsparks