နိုင်ငံတကာ စက်ရုပ် အဖွဲ့အစည်းရဲ့ နောက်ဆုံး စစ်တမ်းအရ တရုတ်ဟာ စက်မှုလုပ်ငန်းသုံး စက်ရုပ်တွေ အသုံးပြုမှုမှာ ဂျာမနီနဲ့ ဂျပန်ထက် ကျော်လွန်သွားပါတယ်။

China surpasses Germany in industrial robot use - The Daily CPEC

တရုတ်ဟာ ၂၀၂၃ ခုနှစ်မှာ လုပ်သား ၁၀,၀၀၀ မှာ စက်ရုပ် ၄၇၀ ကို အသုံးပြုထားပြီး အရင်နှစ်က စက်ရုပ် ၄၀၂ ထက် ပိုများလာပါတယ်။ တရုတ်ဟာ တောင်ကိုရီးယားနဲ့ စင်ကာပူ နောက်မှာ စက်ရုပ်နဲ့ လုပ်သား အချိုးမှာ နံပါတ် ၃ နေရာကို ရထားတယ်လို့ World Robotics 2024 Report မှာ ဖော်ပြထားပါတယ်။

Robotics Engineering - Master | Technikum

နှိုင်းယှဉ်ကြည့်ရင် လုပ်သား ၁၀,၀၀၀ မှာ စက်ရုပ် ၄၂၉ ကို ဂျာမနီနဲ့ ၄၁၉ ကို ဂျပန်က အသုံးပြုထားပါတယ်။

တရုတ်ဟာ စက်မှုလုပ်ငန်းမှာ စက်ရုပ် အသုံးပြုတဲ့ အဆင့်ဟာ ၂၀၁၉ ခုနှစ်မှာ ထိပ်ဆုံး ၁၀ နိုင်ငံထဲ ပါဝင်ခဲ့ပြီး လျှင်မြန်စွာ အဆင့်တက်လာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၄ နှစ်အတွင်း တရုတ်ဟာ စက်ရုပ် အသုံးပြုမှု ၂ ဆ တိုးတက်အောင် ပြုလုပ်နိုင်ခဲ့ပါတယ်။

အခုနောက်ဆုံး စစ်တမ်းအရ တရုတ်ရဲ့ စက်မှုလုပ်ငန်းမှာ စက်ရုပ် အသုံးပြုတဲ့ နည်းဗျူဟာ ဟာ အောင်မြင်နေပြီး ပြိုင်ဖက် အမေရိကန်နဲ့ ပခုံးချင်းယှဉ်လာနိုင်ပြီ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်နှောင်းပိုင်းမှာ တရုတ်ဟာ စက်ရုပ် လုပ်ငန်း တိုးတက်စေမယ့် ၅ နှစ် စီမံကိန်းကို ကြေညာခဲ့ပါတယ်။ စက်ရုပ် ရောင်းချမှု ၂၀ ရာခိုင်နှုန်း တိုးတက်အောင်နဲ့ ၂၀၂၅ ခုနှစ်မှာ စက်ရုပ် သုံးစွဲမှု ၂ ဆ မြင့်မားအောင် ပြုလုပ်ဖို့ ရည်ရွယ်ထားပါတယ်။

Ref : south china morning post