ဂျာမနီ အခြေစိုက် FEV ကုမ္ပဏီက ထိုင်ဝမ်ရဲ့ ProLogium နဲ့ ပူးပေါင်းပြီး လျှပ်စစ်ကားတွေအတွက် စွမ်းရည်မြင့် Large-Footprint Lithium Ceramic ဘက်ထရီ (LLCB) ကို ဖန်တီးလိုက်ပါတယ်။ အဲဒီ ဘက်ထရီမှာ Silicon Composite ဒြပ်ထုနဲ့ တည်ဆောက်ထားတဲ့ အဆင့်မြင့် Anode ပါရှိပြီး သမားရိုးကျ Graphite Anodes တွေထက် စွမ်းအင် သိုလှောင်မှု ၁၀ ဆ ပိုများပါတယ်။
LLCB ရဲ့ လျှပ်စစ်ကား မောင်းနှင်နိုင်တဲ့ အကွာအဝေးဟာ ကားနဲ့ အသုံးပြုမှု အပေါ် အခြေခံကာ ၆၂၅ မိုင် (၁,၀၀၀ ကီလိုမီတာ) ဖြစ်ပါတယ်။ မီးမလောင်နိုင်တဲ့ Solid-state Electrolyte ဟာ ကားစီးသူတွေအတွက် ဘေးကင်း လုံခြုံရေးကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။
Silicon Anode ဟာ အလွန်လျှင်မြန်စွာ အားသွင်းပေးနိုင်ပါတယ်။ ဘက်ထရီဟာ ၅ မိနစ်နဲ့ ၆၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပြီး ၃၀၀ ကီလိုမီတာ မောင်းနှင်နိုင်ပါတယ်။ ၈ မိနစ်အားသွင်းရင် ၈၀ ရာခိုင်နှုန်း အားပြည့်ပါတယ်။ ဒီနေ့ခေတ် လျှပ်စစ်ကားတွေထက် အားသွင်းနှုန်းတော်တော်မြန်တာကို တွေ့ရပါတယ်။
လျှပ်စစ်ကားတွေရဲ့ အားနည်းချက်က အားသွင်းချိန်ကြာမြင့်တာ ဖြစ်ပါတယ်။ LLCB လို ဘက်ထရီတွေကြောင့် သိပ်မဝေးတော့တဲ့ အနာဂတ်မှာ လျှပ်စစ်ကားတွေကို မိနစ်အနည်းငယ်ပဲ အားသွင်းစရာ လိုတော့မှာ ဖြစ်ပါတယ်။
Ref : Tech Explorers