TikTok CEO Shou Zi Chew ဟာ အမေရိကန်ရဲ့ ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဖလော်ရီဒါမှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ တရုတ် ကုမ္ပဏီ ByteDance ပိုင်တဲ့ TikTok ကို နိုင်ငံလုံခြုံရေးအတွက် အမေရိကန်က ပိတ်ပင်မှု ပြုလုပ်တော့မှာ ဖြစ်တဲ့အတွက် အခုလို သွားရောက်တွေ့ဆုံတာ ဖြစ်ပါတယ်။

TikTok CEO Shou Zi Chew departs from the Russell Senate Office Building on March 14, 2024, in Washington, DC.

အမေရိကန် အာဏာပိုင်တွေက TikTok ရဲ့ အမေရိကန် လုပ်ငန်းတွေကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ မတိုင်ခင် ရောင်းချဖို့ ညွှန်ကြားထားပြီး မရောင်းရင် ပိတ်ပင်မယ်လို့ အမိန့်ချထားပါတယ်။ TikTok က ပိတ်ပင်တာကို နောက်ဆုတ်ပေးဖို့ အမေရိကန် ဗဟိုတရားရုံးမှာ အယူခံဝင်ထားပြီး ပြန်လည်သုံးသပ်ဖို့ လိုအပ်နေကြောင်းနဲ့ နောက်တက်လာမယ့် အစိုးရက ဒီအခြေအနေကို ကိုင်တွယ်သင့်ကြောင်း ပြောထားပါတယ်။

TikTok deal under new threat as Trump insists on total US control

ကုမ္ပဏီက TikTok ဟာ လူသုံးအများဆုံး လူမှုကွန်ရက် ပလက်ဖောင်း တစ်ခု ဖြစ်ပြီး ပိတ်ပင်ရင် ကုမ္ပဏီ သာမက အမေရိကန် User တွေကိုပါ ထိခိုက်စေမယ်လို့ ပြောပါတယ်။

စိတ်ဝင်စားစရာကောင်းတာက ထရမ့်ဟာ ပထမ သမ္မတ သက်တမ်းမှာ TikTok ကို ပိတ်ပင်တာကို ဆန့်ကျင်တဲ့ သဘောထားကို ပြသခဲ့ပါတယ်။ သူက TikTok ကို ပိတ်ပင်လိုက်ရင် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ ရှုံးရတဲ့ အဓိက လက်သည်လို့ စွပ်စွဲထားတဲ့ Facebook ကို အကျိုးရှိသွားစေမယ်လို့ ယုံကြည်ထားပါတယ်။ ထရမ့်ဟာ TikTok ကို Deadline ပေးထားပြီး နောက်တစ်ရက် ဇန်နဝါရီလ ၂၀ ရက်နေ့မှာ သမ္မတ ဒုတိယ သက်တမ်းကို စတင် တာဝန်ထမ်းဆောင်မှာပါ။

မကြာခင်က သတင်းစာရှင်းလင်းပွဲမှာ ထရမ့်က “ ကျွန်တော့် အစိုးရဟာ TikTok ကို ပြန်လည် သုံးသပ်မှာပါ။ အထူးသဖြင့် လူငယ် မဲပေးသူတွေကြားမှာ အဲဒီပလက်ဖောင်းရဲ့ အကျိုးသက်ရောက်မှုကိုလေ့လာမှာပါ။ TikTok အတွက် ကျွန်တော့် နှလုံးသားမှာ နွေးထွေးတဲ့ နေရာ တစ်ခု ရှိပါတယ်။ “ လို့ ပြောထားပါတယ်။ ထရမ့်ဟာ TikTok ကို ဇွန်လကမှ Join ခဲ့တာ ဖြစ်ပေမယ့် Follower ၁၄.၅ သန်းတောင် ရထားပါတယ်။

Ref : cnn