လန်ဒန် အခြေစိုက် BAE Sysems ကုမ္ပဏီက နေရောင်ခြည်စွမ်းအင်သုံး လေယာဉ် PHASA-35 ကို အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ပါတယ်။ မောင်းသူမဲ့ လေယာဉ် ဖြစ်ပြီး Uncrewed Aerial System (UAS) ကို အသုံးပြုထားပါတယ်။ တော်တော်မြင့်မားတဲ့ ဝေဟင်မှာ အချိန်ကြာမြင့်စွာ ပျံသန်းနိုင်ပြီး ရာသီဥတုနဲ့ တခြား လေယာဉ်တွေအထက်ကနေ မြေပြင်ကို ကင်းထောက်လေ့လာဖို့ ရည်ရွယ်ထားပါတယ်။

BAE Systems PHASA-35 - Wikipedia

မကြာခင်က နယူးမက္ကဆီကိုမှ Spaceport America မှာ ၂၄ နာရီကြာ အမြင့်ပေ ၆၆,၀၀၀ မှာ ပျံသန်းခဲ့ပါတယ်။ ပျံသန်းပြီးနောက်မှာ လေယာဉ်ပျက်ဆီးမှု သိပ်မရှိဘဲ နောက် ၂ ရက်အတွင်းမှာ ထပ်မံ ပျံသန်းနိုင်ခဲ့ပါတယ်။ လေယာဉ်ဟာ အရင်ကထက် ပိုလေးတဲ့ ဝန်တွေကို သယ်ဆောင်နိုင်ခဲ့ပါတယ်။

Solar powered aircraft achieves new stratospheric success | BAE Systems

PHASA-35 ကို တီထွင်ထားတဲ့ အဖွဲ့ဟာ Solar Power နဲ့ Storage Capacity ၂ ဆ ပိုများတဲ့ မော်ဒယ် အသစ် တစ်စီးကို တီထွင်ထားပါတယ်။ BAE Systems ဟာ လေယာဉ်ကို ဆက်လက် တီထွင်မှာ ဖြစ်ပြီး ၂၀၂၆ ခုနှစ်မှာ အသုံးပြုနိုင်ဖို့ ရည်မှန်းထားပါတယ်။

BAE Systems ဟာ အမေရိကန် စစ်တပ်အတွက် ယာဉ်တွေကို ထုတ်လုပ်ပေးဖို့ ဒေါ်လာ ၆၈ သန်းတန် စာချုပ်ကို ချုပ်ဆိုထားတယ်လို့ ကြေညာထားပါတယ်။

Ref : Tech Explorers