Xiaomi က ပြီးခဲ့တဲ့ ဇူလိုင်လမှာ ကုမ္ပဏီရဲ့ ပထမဆုံး Flip စတိုင် Foldable စမတ်ဖုန်း ဖြစ်တဲ့ Mix Flip ကို ကြေညာခဲ့ပြီး အဲဒီဖုန်းဟာ တရုတ်မှာ အလွန်အောင်မြင်ခဲ့ပါတယ်။
အခုတော့ နောက်မျိုးဆက် Xiaomi Mix Flip 2 ကို ထင်ထားတာထက်စောစွာ ကြေညာတော့မယ်လို့ သတင်းထွက်လာပါတယ်။ နောက်နှစ် ဇွန်လမကုန်ခင်မှာ ကြေညာနိုင်ပြီး ကြီးမားတဲ့ တိုးတက်မှုတွေ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။
Xiaomi Mix Flip 2 မှာ Qualcomm ရဲ့ စွမ်းရည်မြင့် Snapdragon 8 Elite SoC မောင်းနှင်ထားမှာ ဖြစ်ပြီး Xiaomi Mix Flip ထက် ပိုမို ပါးလွှာမှာ ဖြစ်ပါတယ်။ Xiaomi Mix Flip 2 မှာ IPX8 ရေစိုခံစံနှုန်း ထည့်သွင်းထားမှာ ဖြစ်ပြီး ကြိုးမဲ့အားသွင်း နည်းပညာ ပါလာမှာပါ။
လက်ရှိမှာ Xiaomi Mix Flip 2 ရဲ့ သတင်းအချက်အလက် အသေးစိတ်ကို မသိရသေးပါဘူး။ တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင်မှာ အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက်တွေ ထွက်ပေါ်လာဦးမှာ ဖြစ်ပါတယ်။
Ref : gsmarena