Vodafone က က ဂြိုလ်တု အင်တာနက်ကို အသုံးပြုကာ ကမ္ဘာ့ ပထမဆုံး အနေနဲ့ သာမာန် စမတ်ဖုန်း ကနေ Video Call ပြောခဲ့ပြီး သမိုင်းမှတ်တိုင် စိုက်ထူလိုက်ပါတယ်။ ဝေးလံခေါင်ဖျားတဲ့ Welsh တောင်တန်းတွေ ကနေ အင်ဂျင်နီယာ Rowan Chesmer က Vodffone ရဲ့ CEO Margherita Della Valle ထံ Video Call ပြောခဲ့တာ ဖြစ်ပါတယ်။
Vodafone ဟာ AST SpaceMobile ရဲ့ BlueBird ဂြိုလ်တုတွေကို အသုံးပြုကာ စမတ်ဖုန်း ကနေ Video Call ပြောခဲ့တာ ဖြစ်ပါတယ်။ ဒီအောင်မြင်မှုဟာ အင်တာနက် ကွန်ရက် ဖြန့်ကျက်မှုမှာ ကွာဟမှုကို ကျဉ်းမြောင်းစေပြီး အထူးသဖြင့် ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ ဂြိုလ်တု အင်တာနက်ကို စမတ်ဖုန်းကနေ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ လူ သန်းပေါင်းများစွာအတွက် ပိုကောင်းတဲ့ အင်တာနက် ဆက်သွယ်မှုကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Vodafone က ဂြိုလ်တု အင်တာနက် ဝန်ဆောင်မှုကို ဒီနှစ်နှောင်းပိုင်းမှာ ဥရောပမှာ ပြုလုပ်ပေးမှာ ဖြစ်ပြီး ၂၀၂၆ ခုနှစ်မှာ ဝန်ဆောင်မှုကို တိုးချဲ့ပေးဖို့ စီစဉ်ထားပါတယ်။
Ref : Tech Explorers