Bloomberg ရဲ့ Mark Gurman က Apple ဟာ ဒီတစ်ပတ်ထဲမှာ iPhone SE 4 ကို ကြေညာမယ်လို့ ပြောခဲ့ပါတယ်။ အခုတော့ သူက ကြေညာမယ့် အချိန်ကို ပြောင်းလဲပြောဆိုလိုက်ပါတယ်။ သူက iPhone SE 4 ကို နောက်တစ်ပတ်ထဲမှာ ကြေညာမယ်လို့ ပြောပါတယ်။
ပေါက်ကြားသတင်းအရ iPhone SE 4 ဟာ iPhone 14 နဲ့ တူညီမှာ ဖြစ်ပြီး တူညီတဲ့ 6.06” FHD+ LTPS OLED Display ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ 60Hz Refresh Rate ပါလာမှာ ဖြစ်ပြီး Face ID အတွက် အရှေ့ကင်မရာကို Notch မှာ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။
အနောက်ဘက်မှာ ကင်မရာ ၁ လုံးထဲ ပါလာမှာ ဖြစ်ပြီး Apple A18 Chip မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ 8GB RAM ပါလာမှာ ဖြစ်ပြီး Apple Intelligence ထည့်သွင်းထားမှာ ဖြစ်ပါတယ်။
iPhone SE 4 ကို ၄၉၉ ဒေါ်လာနဲ့ ရောင်းချနိုင်ပြီး ၂၀၂၂ ခုနှစ်ထုတ် အရင်မျိုးဆက်ထက် ဒေါ်လာ ၇၀ ပိုများနိုင်ပါတယ်။
လက်ရှိမှာ iPhone SE 4 ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ သိရသေးပြီး မကြာခင်မှာ ပိုမို သိလာရတော့မှာ ဖြစ်ပါတယ်။
Ref : gsmarena