Xiaomi က အိန္ဒိယဈေးကွက်မှာ လူလတ်တန်းစား ဝယ်ယူသူတွေအတွက် ရည်ရွယ်ပြီး Redmi Note 17 စမတ်ဖုန်းကို သြဂုတ်လ ၆ ရက်နေ့မှာ တရားဝင်မိတ်ဆက်လိုက်ပါတယ်။

အဲဒီဖုန်းမှာ 120 Hz refresh rate နဲ့ Peak Brightness 1,800 nits ပါဝင်တဲ့ ၆.၉ လက်မ TrueColour AMOLED မျက်နှာပြင်ကို အသုံးပြုထားပါတယ်။ ဖုန်းရဲ့ မျက်နှာပြင်ကို Corning Gorilla Glass 7i နဲ့ ကာကွယ်ပေးထားပြီး ဖုန်နဲ့ ရေစိုခံနိုင်စွမ်း IP65 အဆင့် ပါဝင်ပါတယ်။

The image features a promotional design for a new smartphone, highlighting the phrase "The all-new Note" in large, eye-catching letters. The smartphone is shown in a light purple color with dual cameras on the back. The text states, "Your longest days just met their match," and there is a button at the bottom that reads "Coming Soon."

စွမ်းဆောင်ရည်ပိုင်းအတွက် Snapdragon 4 Gen 4 ပရိုဆက်ဆာကို အသုံးပြုထားပြီး RAM 8 GB နဲ့ 128 GB storage အထိ ရွေးချယ်နိုင်ပါတယ်။

Android 16 အခြေခံ HyperOS 3 နဲ့ အလုပ်လုပ်ဆောင်မှာဖြစ်ပြီး ၄ နှစ်စာ ဆော့ဖ်ဝဲလ် အပ်ဒိတ်နဲ့ ၆ နှစ်စာ လုံခြုံရေး အပ်ဒိတ်တွေ ရရှိမှာ ဖြစ်ပါတယ်။

ဒါ့အပြင် 8,000 mAh ဆီလီကွန်-ကာဗွန် ဘက်ထရီကြီး ပါဝင်လာပြီး 45W အားသွင်းစနစ်နဲ့ 22.5W reverse wired charging စနစ်တွေလည်း ပါဝင်ပါတယ်။

A promotional image highlighting a device with an 8000mAh battery, claiming over 3 days of usage. The slogan "Charge less. Live more." is featured, along with a note that it is "Coming Soon," and a disclaimer about internal lab test data.

ကင်မရာပိုင်းမှာ 50 MP ကျောဘက်ကင်မရာနဲ့ 8 MP ဆယ်လ်ဖီကင်မရာတို့ ပါဝင်ပါတယ်။ ဖုန်းအရောင်တွေအနေနဲ့ Arctic Blue၊ Starlight Purple နဲ့ Dark Night ဆိုပြီး အရောင်သုံးမျိုး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

ဈေးနှုန်းတွေကတော့ 6 GB/128 GB မော်ဒယ်ကို အိန္ဒိယရူပီး ၂၇,၉၉၉ ကနေ စတင်မှာဖြစ်ပြီး 8 GB/128 GB မော်ဒယ်ကိုတော့ ရူပီး ၃၀,၉၉၉ ကျသင့်မှာ ဖြစ်ပါတယ်။

The advertisement showcases Corning® Gorilla® Glass 7i, emphasizing its "everyday strength, suitable for every hero." The visuals depict a piece of glass being impacted, surrounded by cracks, with a note indicating "coming soon" at the bottom.

The advertisement showcases Corning® Gorilla® Glass 7i, emphasizing its "everyday strength, suitable for every hero." The visuals depict a piece of glass being impacted, surrounded by cracks, with a note indicating "coming soon" at the bottom.

Ref: thehindu