Apple ရဲ့ Foldable Device နဲ့ ပတ်သက်ပြီး သတင်းများစွာ ထွက်နေပါတယ်။ အခုတော့ Foldable iPhone ရဲ့ Display အရွယ်အစား၊ ဒီဇိုင်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ တရုတ် ကနေ ထွက်ပေါ်လာပါတယ်။

iPhone-foldable-concept

နာမည်ကြီး Tipster Digital Chat Station က ဝီဘို မှာ Apple Foldable Device မှာ 5.49” External Display နဲ့ 7.74” Main Folding Display ပါလာမယ်လို့ ပြောပါတယ်။ အဲဒီ Display တွေရဲ့ အသေးစိတ် သတင်းအချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ DCS က Apple ဟာ Foldable Formula ကို ထူးခြားအောင် ဖန်တီးထားမယ်လို့ ပြောပါတယ်။

New leak suggests Apple's first foldable iPhone won't be a giant - PhoneArena

စာအုပ်စတိုင် Foldable iPhone မှာ စတုရန်းပုံ ကင်မရာ Island တပ်ဆင်ထားမှာ ဖြစ်ပြီး စမတ်ဖုန်းနဲ့ တက်ဘလက်ကို ပေါင်းစပ် အသုံးပြုနိုင်တဲ့ iPhone/iPad Hybrid လိုမျိုး ဖန်တီးထားမှာ ဖြစ်ပါတယ်။ ဖြန့်ထားရင် iPad လို သုံးနိုင်မှာ ဖြစ်ပြီး ခေါက်ထားရင် iPhone လို သုံးနိုင်မှာ ဖြစ်ပါတယ်။ DCS က ဒီဇိုင်းဟာ OPPO Find N နဲ့ တူညီမယ်လို့ ပြောပါတယ်။ ဒါပေမယ့် Apple ရဲ့ Foldable iPhone ဟာ ပိုကျယ်ပြီး ပိုတိုမယ်လို့ ပြောပါတယ်။

Apple က Foldable iPhone ကို ၂၀၂၆ ခုနှစ်မှာ ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။ အခုထွက်လာတဲ့ သတင်းအရ Apple ရဲ့ ပထမဆုံး Foldable iPhone ဟာ Flip မဟုတ်ဘဲ Fold စတိုင်ဖြစ်ဖို့များနေပါတယ်။

Ref: Gizmochina