Tecno က Spark Slim အမည်ရ ကမ္ဘာ့ အပါးလွှာဆုံး စမတ်ဖုန်းကို ကြေညာလိုက်ပါတယ်။ အထူက ၅.၇၅ မီလီမီတာပဲ ရှိပြီး 50MP ကင်မရာ ၂ လုံးနဲ့ 5,200mAh Battery ပါပါတယ်။
ဒီဖုန်းဟာ Concept အဆင့်ပဲ ရှိသေးပြီး ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။ ကုမ္ပဏီက မကြာခင်ကျင်းပမယ့် Mobile World Congress (MWC) မှာ နမူနာ မော်ဒယ်ကို ပြသမှာ ဖြစ်ပါတယ်။
Spark Slim မှာ 6.78” AMOLED Display တပ်ဆင်ထားမှာ ဖြစ်ပြီး ထောင့်စွန်းတွေက ကွေးညွှတ်မှာ ဖြစ်ပါတယ်။ 1224p Resolution နဲ့ 144Hz Refresh Rate ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Peak Brightness က 4,500 Nits ရှိမှာ ဖြစ်ပြီး 13MP အရှေ့ ကင်မရာ ပါလာမှာပါ။
Battery က 4.04mm အထူရှိပြီး 45W Fast Charging ပါလာမှာပါ။ ကင်မရာ Bump က အနည်းငယ်ထူပေမယ့် တော်တော်လေးကို ပါးတဲ့ ဖုန်း ဖြစ်ပါတယ်။
Tecno က Spark Slim မှာ သုံးထားတဲ့ Chipset ကို မပြောသေးပေမယ့် Octa-core CPU ပါမယ်လို့ ပြောထားပါတယ်။
Tecno Spark Slim ကို ဘာစီလိုနာမှာ ကျင်းပမယ့် MWC မှာ မျက်ဝါးထင်ထင်တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။
Ref : gsmarena