၂၀၂၄ ခုနှစ် ဧပြီလ ကနေ ၂၀၂၅ ဇန်နဝါရီလအထိ Xiaomi ဟာ တရုတ်မှာ SU7 ကားအစီးရေ ၁၆၂,၃၈၄ စီး ရောင်းချနိုင်ခဲ့ပြီး Tesla Model 3 ရဲ့ ရောင်းချရတဲ့ ကားအစီးရေ ၁၅၂,၇၄၈ စီးထက်များသွားခဲ့ပါတယ်။ Xiaomi ဟာ Tesla Model Y ကို ယှဉ်ပြိုင်ဖို့ YU7 Electric SUV ကိုလည်း ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။ တရုတ်မှာ Tesla နဲ့ Xiaomi တို့ရဲ့ ပြိုင်ပွဲက ကြည့်ကောင်းနေပါပြီ။

Xiaomi ဟာ မကြာခင်က စွမ်းရည်မြင့် SU Ultra လျှပ်စစ်ကားကို ကြေညာခဲ့ပြီး ၅၂၉,၀၀၀ ယွမ် (၇၂,၉၈၈ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ ၁.၉၈ စက္ကန့်အတွင်း  တစ်နာရီ ၀ ကနေ ၁၀၀ ကီလိုမီတာ အရှိန်မြှင့်နိုင်ပါတယ်။ အမြန်ဆုံးနှုန်းက တစ်နာရီကို ၃၅၀ ကီလိုမီတာ ဖြစ်ပြီး အမြန်ဆုံး တံခါး ၄ ပေါက်ပါ ကား ဖြစ်လာပါတယ်။

Xiaomi SU7 Ultra

ကားအတွင်းပိုင်းဟာ ပြိုင်ကား ဒီဇိုင်း ဖြစ်ပါတယ်။ စပီကာ ၂၅ လုံး ပါတဲ့ Surround Sound System ထည့်သွင်းထားပြီး Active Noise Cancellation ပါတဲ့အတွက် အသံအရည်အသွေး အရမ်းမိုက်ပါတယ်။ Xiaomi HyperOS မောင်းနှင်ထားပြီး AI အခြေပြု မောင်းသူမဲ့ စနစ်၊ စမတ် ကိရိယာတွေနဲ့ ချိတ်ဆက်နိုင်တဲ့ စွမ်းရည်ပါလာပါတယ်။ Xiaomi Pilot System က Real-time Navigation , Adaptive Lane Changes နဲ့ ဉာဏ်ရည်မြင့် ပါကင်ထိုး စနစ်တွေကို ပံ့ပိုးပေးပါတယ်။

မြန်နှုန်းမြင့် အားသွင်း စနစ် ပါလာပြီး ၁၁ မိနစ်အတွင်း ၁၀ ကနေ ၈၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ အားအပြည့်သွင်းထားရင် ၆၂၀ ကီလိုမီတာ မောင်းနှင်နိုင်ပါတယ်။

Obsidian Black, Pearl White, Space Silver, Parrot Green နဲ့ Lightning Yellow ၅ ရောင်ထုတ်လုပ်ထားပါတယ်။ အရောင်တွေကို Classic, Luxury နဲ့ Sports Themes စတဲ့ ကဏ္ဍ ၃ ခု ခွဲခြားထားပါတယ်။

Ref : Tech Explorers