Apple က ပထမဆုံး iPhone ကို ၂၀၀၇ ခုနှစ် ဇွန်လမှာ ကြေညာခဲ့ပြီး ၂၀၂၇ ခုနှစ်မှာ နှစ်ပေါင်း ၂၀ ပြည့်တော့မှာ ဖြစ်ပါတယ်။ Bloomberg ရဲ့ Mark Gurman က Apple ဟာ ၂၀၂၇ ခုနှစ်မှာ iPhone ဒီဇိုင်းကိုကြီးကြီးမားမားပြောင်းလဲမယ်လို့ ပြောပါတယ်။
Apple ဟာ ၂၀၂၇ ခုနှစ်မှာ ပထမဆုံး Foldable iPhone ကို iPhone 19 Pro နဲ့အတူ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ iPhone 19 Pro မှာ အနောက်ဘက်မှာပါ ဖန်မျက်နှာပြင်ကို သုံးထားမယ်လို့ သတင်းထွက်နေပါတယ်။
ဒါပေမယ့် အသေးစိတ်သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ ဖုန်းရဲ့ ကိုယ်ထည်မှာ ဖန်မျက်နှာပြင်ကို ကြီးမားတဲ့ ရာခိုင်နှုန်းနဲ့ ထည့်သွင်းထားမယ်လို့ ထင်ရပါတယ်။ Xiaomi Mix Alpha မှာလို ဖုန်းပတ်လည်မှာ Screen ဖုံးအုပ်ထားနိုင်ပါတယ်။
iPhone ကိုယ်ထည်ပတ်လည်မှာ ဖန်ထည့်သွင်းထားမယ့် သတင်း ထွက်နေတာ နှစ်များစွာ ကြာပါပြီ။ ယခင် Apple ရဲ့ ဒီဇိုင်းအကြီးအကဲ Jony Ive ဟာ ၂၀၁၇ ခုနှစ်တုန်းက ဖန်မျက်နှာပြင် ပတ်လည်ပါတဲ့ iPhone ကို တီထွင်ချင်ခဲ့တာ ဖြစ်ပါတယ်။
Gurman က iPhone 17 Pro Series မှာ ပေါက်ကြားနေတဲ့ ဓါတ်ပုံတွေမှာလို အနောက်ဘက်ဟာ ၂ ရောင်စပ် မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။ လက်ရှိ iPhone 16 Pro မော်ဒယ်တွေမှာလိုပဲ ၁ ရောင်ထဲ သုံးထားနိုင်ပါတယ်။
Ref: gsmarena