Samsung က အိန္ဒိယမှာ စွမ်းရည်သင့် Galaxy M56 ကို ကြေညာလိုက်ပါတယ်။ အရွယ်ကြီး Battery ပါလာပေမယ့် ကိုယ်ထည်က ပါးလွှာပါတယ်။

Galaxy M56 မှာ 6.7” Super AMOLED FHD+ Display , 120Hz Refresh Rate , Corning Gorilla Glass Victus+ Protection ပါလာပါတယ်။ Exynos 1480 SoC , 8GB RAM နဲ့ 256GB Storage ထည့်သွင်းထားပါတယ်။ ကြီးမားတဲ့ 5,000mAh Battery နဲ့ 45W Fast Charging ပါပါတယ်။

ကြီးမားတဲ့ Battery ပါလာပေမယ့် အထူက ၇.၂ မီလီမီတာပဲ ရှိပါတယ်။ အလေးချိန်က ၁၈၀ ဂရမ် ဖြစ်ပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံး တပ်ထားပြီး 50MP Main , 8MP Ultrawide နဲ့ 2MP Macro တို့ ဖြစ်ပါတယ်။ အရှေ့ ကင်မရာက 12MP ဖြစ်ပါတယ်။ Android 15 အခြေပြု One UI 7 Custom Skin ထည့်သွင်းထားပြီး OS Update ၆ နှစ်တောင်ရမှာပါ။

Black နဲ့ Light Green အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 8/128GB ကို ၂၄,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ ဒီလ ၂၃ ရက်နေ့ အိန္ဒိယမှာ ကုမ္ပဏီရဲ့ တရားဝင် ဝက်ဘ်ဆိုက်နဲ့ Amazon India တို့ကနေ ရောင်းချမှာ ဖြစ်ပါတယ်။

Ref : Gizmochina