OnePlus က တရုတ်မှာ စွမ်းရည်မြင့် 13T ကို ကြေညာလိုက်ပြီး လာမယ့်လတွေအတွင်း နိုင်ငံတကာကို ရောက်နိုင်ပါတယ်။ စွမ်းရည်မြင့် အရွယ်သေး ဖုန်း ဖြစ်ပြီး 6.32” LTPO AMOLED FHD+ Display , 1-120Hz Adaptive Refresh Rate ပါပါတယ်။

13T အမြင့် ၅.၉ လက်မနဲ့ အကျယ် ၂.၈ လက်မပဲ ရှိတဲ့အတွက် လက်တစ်ဖက်ထဲနဲ့ သုံးနိုင်ပါတယ်။ Display အောက်မှာ Optical Fingerprint Scanner ထည့်ထားပြီး Display ကို OPPO Crystal Shield Glass နဲ့ ကာကွယ်ထားပါတယ်။

OnePlus 13T debuts with 6.3” OLED, Snapdragon Elite and 6,260mAh battery

Alert Slider အစား Shortcut Key ထည့်ထားပြီး App နဲ့ တခြား Shortcut တွေကို လျှင်မြန်စွာ ဖွင့်နိုင်ပါတယ်။ အရွယ်သေး ဖုန်း ဖြစ်ပေမယ့် ကြီးမားတဲ့ 6,260mAh Battery ပါလာပြီး 80W Charging ထည့်ထားပါတယ်။ အပူချိန် လျှော့ချပေးတဲ့ VC Cooling ပါပါတယ်။

အနောက်ဘက်မှာ 50MP Main နဲ့ 50MP 2x Telephoto ကင်မရာတွေ တပ်ထားပါတယ်။

OnePlus 13T colors

စွမ်းရည်မြင့် Snapdragon 8 Elite Chipset ပါလာပြီး 16GB RAM နဲ့ 1TB Storage အထိ ထည့်သွင်းထားပါတယ်။ Android 15 အခြေပြု ColorOS 15 ပါလာပြီး နိုင်ငံတကာ မော်ဒယ်မှာ OxygenOS ပါလာနိုင်ပါတယ်။ 13T မှာ IP65 ရေစိုခံစံနှုန်း ထည့်သွင်းထားပါတယ်။

OnePlus 13T အတွက် Gray , Pink နဲ့ Black အရောင်ထုတ်လုပ်ထားပါတယ်။ 12/256GB ကို ၄၄၆ ဒေါ်လာနဲ့ 16GB RAM/1TB ကို ၆၁၇ ဒေါ်လာ သတ်မှတ်ထားပါတယ်။ တရုတ်မှာ ကြိုတင်ဝယ်ယူနိုင်ပြီ ဖြစ်ပြီး ဒီလ ၃၀ ရက်နေ့ ရောင်းမှာပါ။

Ref : Gsmarena