လပေါင်းများစွာ သတင်းထွက်လာပြီးနောက်မှာ Samsung Galaxy S25 Edge ကို တရားဝင် ကြေညာလိုက်ပါပြီ။ အလွန်ပါးလွှာတဲ့ ဖုန်း ဖြစ်ပြီး အထူက ၅.၈ မီလီမီတာပဲ ရှိပါတယ်။ အလေးချိန်က ၁၆၃ ဂရမ်ပဲ ရှိပါတယ်။ အဲဒီလို ပါးလွှာအောင်ပြုလုပ်ဖို့ သေးငယ်တဲ့ 3,900mAh Battery ပဲ ထည့်ထားပါတယ်။ 25W Charging ပါလာပြီး ၃၀ မိနစ်မှာ ၅၅ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ ကြိုးမဲ့ အားသွင်းစနစ်လည်း ထည့်သွင်းထားပါတယ်။
အဲဒီဖုန်းမှာ 6.7” Dynamic AMOLED 2X Display ပါလာပြီး QHD+ Resolution , 1-120Hz Variable Refresh Rate နဲ့ Corning Gorilla Glass Ceramic 2 ထည့်သွင်းထားပါတယ်။ Snapdragon 8 Elite for Galaxy Chip ပါလာပြီး 12GB RAM , 256GB or 512GB Storage ထည့်ထားပါတယ်။
အနောက်ဘက်မှာ 200MP Main (OIS), 12MP Ultrawide ကင်မရာနဲ့ အရှေ့ဘက်မှာ 12MP ကင်မရာ တပ်ထားပါတယ်။
S25 Edge မှာ Android 15 အခြေပြု One UI 7 ထည့်သွင်းထားပြီး IP68 ရေစိုခံစံနှုန်း ပါလာပါတယ်။ တိုက်တေနီယမ် ဖရိမ်ကို သုံးထားပြီး Titanium Silver, Titanium Jetblack နဲ့ Titanium Icyblue အရောင်တွေ ထုတ်လုပ်ထားပါတယ်။ အရွယ်အစားအပြည့်အစုံက 158.2 x 75.6 x 5.8 mm ဖြစ်ပါတယ်။
Ref : Gsmarena