Huawei က မေလ ၁၉ ရက်နေ့မှာ nova 14 Series စမတ်ဖုန်းတွေကို ကြေညာမှာ ဖြစ်ပြီး မကြာခင်က ကြေညာခဲ့တဲ့ HarmonyOS PC Operating System ပါတဲ့ MateBook Pro Laptop အသစ်ကိုပါ ချပြမှာ ဖြစ်ပါတယ်။ အဲဒီ Device တွေတင်မကသေးဘဲ Huawei က နောက်တစ်ပတ် ပွဲမှာ နောက်ထပ် Device တစ်ခုကိုပါ မိတ်ဆက်မယ်လို့ အတည်ပြုလိုက်ပါတယ်။

Huawei MateBook Fold Ultimate Design teaser

Huawei MateBook Fold Ultimate Design ဟာ ကုမ္ပဏီရဲ့ ပထမဆုံး Foldable Screen Laptop ဖြစ်လာမှာပါ။ အဲဒီ Laptop ဟာ Lenovo ThinkPad X1 Fold ၊ Asus Zenbook 17 Fold တို့နဲ့ ဆင်တူနိုင်ပါတယ်။ အဲဒီ Laptop မှာ HarmonyOS PC ထည့်သွင်းထားနိုင်ပါတယ်။ Huawei က အဲဒီ Laptop ရဲ့ သတင်းအချက်အလက် အသေးစိတ်ကို မပြောသေးပါဘူး။ ၁၉ ရက်နေ့ကျမှ တရားဝင် ကြေညာမှာ ဖြစ်ပါတယ်။

Huawei presents a new generation of folding smartphone • Mezha.Media

Foldable စမတ်ဖုန်းများစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ အဲဒီ Foldable စမတ်ဖုန်းတွေဟာ Display ကြီးမားပြီး User အတွက် ထူးခြားဆန်းသစ်တဲ့ နည်းလမ်းတွေနဲ့ ဖုန်းကို အသုံးပြုနိုင်ပါတယ်။ အလုပ်ကိစ္စတွေမှာလည်း ပိုမို အဆင်ပြေပါတယ်။ အခုတော့ ဒီဇိုင်းဆန်းသစ်တဲ့ Foldable Laptop တွေကိုပါ ထုတ်လုပ်ကြတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena