Kantar ရဲ့ BrandZ စစ်တမ်းအရ ၂၀၂၅ ခုနှစ်မှာ Apple ဟာ ကမ္ဘာ့ တန်ဖိုးအကြီးဆုံး Brand ဖြစ်လာပါတယ်။ Apple ရဲ့တန်ဖိုးဟာ ဒေါ်လာ ၁.၂၉ ထရီလီယမ် ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၂၈ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ Kantar ဟာ သုံးစွဲသူ မှတ်ချက်နဲ့ ကုမ္ပဏီရဲ့ ငွေကြေး စွမ်းဆောင်ရည် အပါအဝင် အဆင့် ၃ ဆင့်နဲ့ ကုမ္ပဏီတွေရဲ့ တန်ဖိုးကို တွက်ချက်ထားတာ ဖြစ်ပါတယ်။
Apple ဟာ ၃ နှစ်ဆက်တိုက် ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ကုမ္ပဏီ ဖြစ်လာပြီး ဒေါ်လာ ၁ ထရီလီယမ်ကျော်သွားတဲ့ ပထမဆုံး ကုမ္ပဏီလည်း ဖြစ်ပါတယ်။ Google က ဒေါ်လာ ၉၄၄.၁ ဘီလီယမ်နဲ့ Microsoft က ၈၈၄.၈ ဘီလီယမ် တန်ကြေးရှိပြီး ထိပ်ဆုံး ကုမ္ပဏီ ၃ ခုထဲမှာ ပါဝင်နေပါတယ်။ Amazon က ဒေါ်လာ ၈၆၆.၁ ဘီလီယမ်နဲ့ Nvidia က ဒေါ်လာ ၅၀၉.၄ ဘီလီယမ် တန်ကြေးရှိပြီး ထိပ်ဆုံး ကုမ္ပဏီ ၅ ခုထဲ ပါဝင်လာပါတယ်။
Huawei က နံပါတ် ၃၉ ၊ Qualcomm ရဲ့ Snapdragon Brand က နံပါတ် ၃၈ ၊ Samsung က နံပါတ် ၇၈ နဲ့ Xiaomi က နံပါတ် ၉၆ နေရာကို ရထားပါတယ်။ Nvidia , Huawei , Xiaomi နဲ့ Instagram ဟာ ဒီနှစ်မှာ တန်ဖိုးအတက်ဆုံး ကုမ္ပဏီ ဖြစ်လာပြီး ရာခိုင်နှုန်းနဲ့ဆိုရင် ၁၀၀ ကျော် ရထားပါတယ်။
OpenAI ရဲ့ ChatGPT က နံပါတ် ၆၀ နေရာကို ရထားပြီး ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ကုမ္ပဏီစာရင်းထဲကို ပထမဆုံး ပါဝင်လာတာ ဖြစ်ပါတယ်။ Kantar က ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ကုမ္ပဏီ ၁၀၀ ရဲ့ တန်ဖိုးဟာ ဒေါ်လာ ၁၀.၇ ဘီလီယမ် ရှိပါတယ်။
Ref : gsmarena