တရုတ် စမတ်ဖုန်း ကုမ္ပဏီတွေဟာ Qualcomm နဲ့ MediaTek တို့ကို မှီခိုနေရတာကို လျှော့ချပြီး ကိုယ်ပိုင် Chipset တွေ ထုတ်လုပ်ဖို့ ကြိုးစားလာကြပါတယ်။ အခုတော့ Xiaomi က စွမ်းရည်မြင့် Xring O1 Chipset ကို Xiaomi 15S Pro မှာ မိတ်ဆက်လိုက်ပါတယ်။

Xiaomi 15S Pro debuts with in-house Xring O1 chipset

Xiaomi 15S Pro မှာပါဝင်တဲ့ Xring O1 Chip ဟာ Xiaomi အတွက် အကြီးမားဆုံး အောင်မြင်မှုတစ်ခု ဖြစ်ပါတယ်။ ဒီ Chip ကို Xiaomi က ဒီဇိုင်းထုတ်ပြီး TSMC ရဲ့ ဒုတိယမျိုးဆက် N3E 3nm နည်းပညာနဲ့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒီ Chipset မှာ Cortex-X925 prime core (3.9GHz) နှစ်လုံး၊ Cortex-A725 performance core (1.9-3.4 GHz) ခြောက်လုံး နဲ့ Cortex-A520 efficiency core (1.8 GHz) နှစ်လုံး ပါဝင်တဲ့ ဆယ်လုံးပါ CPU cluster တစ်ခု ပါရှိပါတယ်။ CPU နဲ့အတူ 16-core ARM Immortalis-G925 GPU နဲ့ 44 TOPS စွမ်းဆောင်ရည်ရှိတဲ့ 6-core NPU တို့လည်း ပါဝင်ပါတယ်။

Xiaomi 15S Pro debuts with in-house Xring O1 chipset

Xiaomi ရဲ့ အဆိုအရ ဒီ flagship SoC ဟာ AnTuTu benchmarking platform မှာ အမှတ် ၃ သန်းကျော် ရရှိခဲ့ပြီး Snapdragon 8 Elite ကိုတောင် ကျော်တက်သွားတယ်လို့ သိရပါတယ်။ Xring O1 ဟာ Geekbench 6 မှာလည်း single-core အမှတ် ၃၀၀၀ ကျော်နဲ့ multi-core အမှတ် ၉၀၀၀ ကျော် ရရှိခဲ့ပြီး multi-core အမှတ်မှာ Apple ရဲ့ A18 Pro ကို ကျော်တက်သွားပါတယ်။ Xring O1 ဟာ နောက်ဆုံးပေါ် LPDDR5T RAM, UFS 4.1 storage, USB 3.2 Gen2 connectivity, Wi-Fi 7 နဲ့ Xiaomi က သီးသန့်ထုတ်လုပ်ထားတဲ့ 3-core ISP တို့ကို ထောက်ပံ့ပေးထားပါတယ်။

Chipset အပြောင်းအလဲကလွဲရင် ကျန်တဲ့ အချက်အလက်တွေကတော့ Xiaomi 15 Pro နဲ့ တူညီပါတယ်။ ၆.၇၃ လက်မ LTPO AMOLED (QHD+ 120Hz) မျက်နှာပြင်၊ 50MP ကင်မရာသုံးလုံး (ultrawide, wide နဲ့ 5x periscope)၊ 90W ကြိုးတပ်အားသွင်းစနစ်ပါဝင်တဲ့ 6,100mAh ဆီလီကွန်ကာဗွန် ဘက်ထရီတို့ ပါဝင်ပါတယ်။ 15S Pro ဟာ Android 15 အခြေခံ Xiaomi HyperOS 2 နဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး အနက်ရောင်နဲ့ အပြာရောင် ဆိုပြီး အရောင်နှစ်မျိုးနဲ့ ရရှိနိုင်ပါတယ်။

16/512GB အမျိုးအစားအတွက် CNY 5,499 (ဒေါ်လာ ၇၆၃) ကနေစတင်ပြီး 1TB storage ပါဝင်တဲ့ အမြင့်ဆုံး အမျိုးအစားကိုတော့ CNY 5,499 (ဒေါ်လာ ၈၃၂) နဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ တရုတ်မှာ ရောင်းချပေးလိုက်ပြီ ဖြစ်ပြီး နိုင်ငံတကာမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gsmarena