တရုတ်နည်းပညာကုမ္ပဏီကြီး Huawei ဟာ လျှပ်စစ်ကား (EV) လောကရဲ့ အနာဂတ်ကို အပြီးအပိုင် ပြောင်းလဲပစ်နိုင်မယ့် အလွန်အရေးပါတဲ့ နည်းပညာမူပိုင်ခွင့်တစ်ခုကို မှတ်ပုံတင်လိုက်ပါပြီ။ အဲဒါကတော့ တစ်ခါအားသွင်းရုံနဲ့ ကီလိုမီတာ ၃,၀၀၀ (မိုင် ၁,၈၆၄ မိုင်ခန့်) အထိ မောင်းနှင်နိုင်ပြီး အားအပြည့်သွင်းဖို့ ၅ မိနစ်ပဲ လိုအပ်မယ့် all-solid-state ဘက်ထရီ နည်းပညာပဲ ဖြစ်ပါတယ်။

Huawei launches its rival to Tesla's Model S | CNN Business

ဒီမူပိုင်ခွင့်ဟာ လက်ရှိအသုံးပြဘက်ထရီတွေရဲ့ အကန့်အသတ်တွေကို ကျော်လွှားပြီး EV ကားတွေရဲ့ အကြီးဆုံးစိန်ခေါ်မှုဖြစ်တဲ့ “Range Anxiety” သို့မဟုတ် ခရီးရှည်သွားရမှာကို စိုးရိမ်စိတ်ကို လုံးဝ ပျောက်ကွယ်သွားစေမယ့် ကတိကဝတ်တစ်ခုလည်း ဖြစ်ပါတယ်။

Huawei Unveils AITO's First Pure EV Model M5 EV - Pandaily

 အောင်မြင်မှုရဲ့ နောက်ကွယ်က နည်းပညာ

ဒီလို မယုံနိုင်လောက်စရာ စွမ်းဆောင်ရည်ရဲ့ လျှို့ဝှက်ချက်ကတော့ Huawei ရဲ့ ဆန်းသစ်တဲ့ နည်းပညာတွေကြောင့်ပါ။ ဘက်ထရီရဲ့ စွမ်းအင်သိပ်သည်းဆကို လက်ရှိဘက်ထရီတွေထက် နှစ်ဆနီးပါးမြင့်မားတဲ့ 400–500 Wh/kg အထိ ရောက်အောင် ပြုလုပ်ထားပါတယ်။

အဓိကကျတဲ့ နည်းပညာကတော့ “nitrogen-doping” လို့ခေါ်တဲ့ နည်းစနစ်ကို အသုံးပြုပြီး ဘက်ထရီရဲ့ တည်ငြိမ်မှုကို မြှင့်တင်ထားတာပါ။ ဒီနည်းလမ်းက solid-state ဘက်ထရီတွေမှာ ဖြစ်လေ့ရှိတဲ့ စွမ်းဆောင်ရည်ကျဆင်းခြင်းလိုမျိုး ပြဿနာတွေကို ဖြေရှင်းပေးနိုင်တာကြောင့် ဘက်ထရီကို ပိုမိုစိတ်ချရပြီး သက်တမ်းပိုရှည်စေမှာ ဖြစ်ပါတယ်။

 ကမ္ဘာ့ဘက်ထရီလောကရဲ့ ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်း

Huawei ရဲ့ ဒီလိုရည်မှန်းချက်ကြီးမားတဲ့ ခြေလှမ်းကြောင့် ကမ္ဘာ့ဘက်ထရီဈေးကွက်မှာ ပြိုင်ဆိုင်မှုတွေ ပိုမိုပြင်းထန်လာခဲ့ပါတယ်။ တောင်ကိုရီးယားရဲ့ ဘက်ထရီကုမ္ပဏီကြီးတွေဖြစ်တဲ့ Samsung SDI, LG Energy Solution နဲ့ SK On တို့ဟာလည်း solid-state ဘက်ထရီတွေကို အပြိုင်အဆိုင် သုတေသနလုပ်နေကြပြီး ၂၀၂၇ နဲ့ ၂၀၃၀ ခုနှစ်ကြားမှာ ဈေးကွက်ထဲကို တရားဝင်မိတ်ဆက်နိုင်ဖို့ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေကြပါတယ်။

ဒါ့အပြင် Huawei ရဲ့ ပြည်တွင်းပြိုင်ဘက် Xiaomi လိုကုမ္ပဏီတွေကလည်း အလားတူ ရည်မှန်းချက်ကြီးမားတဲ့ ဘက်ထရီမူပိုင်ခွင့်တွေကို မှတ်ပုံတင်လာတာကြောင့် ဒီနည်းပညာဟာ အနာဂတ်ရဲ့ အရေးအပါဆုံး နယ်ပယ်တစ်ခုဖြစ်လာမယ်ဆိုတာ သေချာနေပါပြီ။

Huawei ရဲ့ မူပိုင်ခွင့်ဟာ စိတ်ကူးထဲက နည်းပညာတစ်ခုကို လက်တွေ့အဖြစ်သို့ ပြောင်းလဲဖို့ ဘယ်လောက်နီးစပ်လာပြီလဲဆိုတာကို ပြသလိုက်တာဖြစ်ပြီး မကြာတော့တဲ့ အနာဂတ်မှာ လျှပ်စစ်ကားတွေကို ဓာတ်ဆီကားတွေထက်တောင် ပိုအဆင်ပြေပြေနဲ့ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်တော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေကို ပေးအပ်လိုက်တာပဲ ဖြစ်ပါတယ်။

Ref : Tech Explorers