MIT က သိပ္ပံပညာရှင်တွေဟာ စိုထိုင်းဆ ၁၀% လောက်အထိနိမ့်တဲ့ အလွန်ခြောက်သွေ့တဲ့ ရာသီဥတုတွေမှာတောင် ကန္တာရလေထုထဲကနေ သန့်ရှင်းတဲ့ရေကို ထုတ်ယူနိုင်တဲ့ နေရောင်ခြည်စွမ်းအင်သုံး ရေသန့်စက်တစ်ခုကို တီထွင်ခဲ့ပါတယ်။
ဆန်းသစ်တဲ့ Metal-Organic Frameworks (MOFs) တွေကို အသုံးပြုထားတဲ့ ဒီကိရိယာဟာ ညဘက်မှာ လေထုထဲက အစိုဓာတ်ကို စုပ်ယူပြီး နေ့ဘက်မှာတော့ သောက်သုံးနိုင်တဲ့ ရေအဖြစ် ပြန်လွှတ်ပေးပါတယ်။ ဒါတွေအားလုံးကို နေရောင်ခြည်စွမ်းအင်တစ်ခုတည်းနဲ့ လုပ်ဆောင်တာဖြစ်ပါတယ်။
ဒီစက်ကို MIT က ဒေါက်တာ Evelyn Wang ရဲ့ အဖွဲ့က တီထွင်ခဲ့တာပါ။ လျှပ်စစ်မလို၊ ရွေ့လျားတဲ့ အစိတ်အပိုင်းတွေမလို၊ အခြေခံအဆောက်အအုံတွေလည်း မလိုအပ်ပါဘူး။ ဝေးလံတဲ့ ရွာတွေ၊ သဘာဝဘေးသင့်ဒေသတွေနဲ့ ဓာတ်အားလိုင်း မရတဲ့ ဒေသတွေအတွက် အထူးသင့်တော်ပါတယ်။ ဒါ့အပြင် ဒီစက်ဟာ ကမ္ဘာ့ရေရှားပါးမှု အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် အသုံးဝင်ပါတယ်။
ဒီနည်းပညာဟာ မဖြစ်နိုင်ဘူးလို့ ထင်ရပေမယ့် အခုတော့ လက်တွေ့ တွေ့မြင်လာရပြီ ဖြစ်ပါတယ်။ လက်တွေ့အသက်ရှင်သန်ရေးအတွက် အားထားရမယ့် နည်းလမ်းတစ်ခု ဖြစ်လာနေပါတယ်။ အခုချိန်မှာ ရှေ့ပြေးပုံစံအဆင့်မှာပဲ ရှိနေသေးပေမယ့် သုတေသီတွေဟာ မိုးခေါင်တဲ့ ဒေသတွေမှာ လက်တွေ့အသုံးပြုနိုင်ဖို့ လုပ်ဆောင်နေကြပါတယ်။
Ref : Techworm