Elon Musk ပိုင်ဆိုင်တဲ့ SpaceX ကုမ္ပဏီရဲ့ Starlink ဟာ နိုင်ငံရေးမတည်မငြိမ်ဖြစ်နေတဲ့ ဗင်နီဇွဲလားနိုင်ငံအတွက် မြန်နှုန်းမြင့် ဂြိုဟ်တုအင်တာနက်ကို အခမဲ့ ပံ့ပိုးပေးနေပြီ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ ပေးထားမှာဖြစ်ပြီး ဗင်နီဇွဲလားပြည်သူတွေ အင်တာနက်အဆက်အသွယ် မပြတ်တောက်စေဖို့ ရည်ရွယ်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။
လက်ရှိ ဗင်နီဇွဲလားနိုင်ငံမှာ အမေရိကန်စစ်တပ်ရဲ့ စစ်ဆင်ရေးကြောင့် သမ္မတ Nicolas Maduro ဖမ်းဆီးခံလိုက်ရပြီးနောက်ပိုင်း နိုင်ငံရေးအခြေအနေတွေ ရှုပ်ထွေးနေပြီး လျှပ်စစ်မီးနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေတာပါ။

ဒီအခြေအနေမှာ Elon Musk က သူ့ရဲ့ X (Twitter) လူမှုကွန်ရက်စာမျက်နှာမှာ Starlink ရဲ့ ကြေညာချက်ကို ပြန်လည်မျှဝေရင်း အခုလို မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။
“ဗင်နီဇွဲလား ပြည်သူတွေကို ထောက်ခံအားပေးတဲ့အနေနဲ့ပါ (In support of the people of Venezuela)”
ဒါကြောင့် လက်ရှိ Starlink စက်ရှိထားပြီးသား သူတွေရော၊ စက်အသစ်တပ်ဆင်မယ့်သူတွေပါ လစဉ်ကြေးပေးသွင်းစရာမလိုဘဲ ဖေဖော်ဝါရီ ၃ ရက်နေ့အထိ အင်တာနက်ကို အခမဲ့ အသုံးပြုနိုင်ကြမှာ ဖြစ်ပါတယ်။
Ref: foxbusiness