vivo က X300 Ultra နဲ့ X300s စမတ်ဖုန်းတွေနဲ့အတူ vivo Pad6 Pro တက်ဘလက်သစ်ကိုလည်း ဒီနေ့မှာပဲ တရုတ်နိုင်ငံမှာ မိတ်ဆက်လိုက်ပါတယ်။ ဒီတက်ဘလက်ဟာ မနှစ်ကထွက်ရှိခဲ့တဲ့ Pad5 Pro ရဲ့ မျိုးဆက်ဖြစ်ပြီး 13.2 လက်မအရွယ် 4K resolution ရှိတဲ့ screen ပါဝင်ပါတယ်၊ refresh rate ကတော့ 144Hz အထိ ရနိုင်မှာပါ။

Vivo Pad 6 Pro debuts with 13.2" 4K 144Hz display, Snapdragon 8 Elite Gen 5  & 13000mAh battery - Gizmochina

အဓိက အချက်အလက်များ

 

Processor: Snapdragon 8 Elite Gen 5 SoC ကို အသုံးပြုထားပါတယ်။

Memory & Storage: RAM ကို 8GB၊ 12GB နဲ့ 16GB ဆိုပြီး ရွေးချယ်နိုင်သလို၊ Storage ကိုလည်း 256GB နဲ့ 512GB (UFS 4.1) ဆိုပြီး ထွက်ရှိပါတယ်။

Camera: အနောက်ဘက်မှာ 13MP ကင်မရာတစ်လုံးနဲ့ အရှေ့ဘက်မှာ 8MP selfie ကင်မရာတစ်လုံး ပါဝင်ပါတယ်။

Battery: 13,000 mAh ဘက်ထရီ အကြီးစား ပါဝင်ပြီး အသံပိုင်းအတွက် စပီကာ ၈ လုံးပါတဲ့ စနစ်ကို သုံးပေးထားပါတယ်။

OS: Android 16 ကို အခြေခံထားတဲ့ OriginOS 6 နဲ့ အလုပ်လုပ်မှာပါ။

Vivo Pad 6 Pro debuts with 13.2" 4K 144Hz display, Snapdragon 8 Elite Gen 5  & 13000mAh battery - Gizmochina

ဈေးနှုန်းများ

 

တရုတ်ယွမ်ငွေနဲ့ ဈေးနှုန်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် –

 

8/256GB: ၄,၄၉၉ ယွမ် (ဒေါ်လာ ၆၅၀ ခန့်)

12/256GB: ၄,၉၉၉ ယွမ် (ဒေါ်လာ ၇၂၃ ခန့်)

12/512GB: ၅,၇၉၉ ယွမ် (ဒေါ်လာ ၈၃၉ ခန့်)

16/512GB: ၆,၆၉၉ ယွမ် (ဒေါ်လာ ၉၆၉ ခန့်)

 

အရောင်အနေနဲ့ ခရမ်းရောင်၊ အပြာရောင်နဲ့ မီးခိုးရောင်ဆိုပြီး သုံးမျိုး ရနိုင်မှာ ဖြစ်ပါတယ်။

Ref : gsmarena