AI ချစ်ပ်ပြားလောကကို စိုးမိုးထားတဲ့ Nvidia ကုမ္ပဏီရဲ့ ရှယ်ယာဈေးဟာ ပြီးခဲ့တဲ့ သောကြာနေ့မှာ စံချိန်တင် ထိုးတက်သွားခဲ့ပြီး ကုမ္ပဏီရဲ့ စုစုပေါင်းတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၅ ထရီလီယံ (၅ နောက်မှာ သုည ၁၂ လုံး) ဆိုတဲ့ မယုံနိုင်စရာပမာဏကို ကျော်ဖြတ်သွားပါတယ်။ ၂၀၂၂ ခုနှစ်ကုန်ပိုင်းကစလို့ တွက်မယ်ဆိုရင် ရှယ်ယာတန်ဖိုးဟာ ၁၄ ဆကျော်အထိ ခုန်တက်သွားတာဖြစ်ပြီး ဒါဟာ Google၊ Microsoft နဲ့ Meta တို့လို နည်းပညာဘီလူးကြီးတွေက Nvidia ရဲ့ ချစ်ပ်ပြားတွေကို အလုအယက် ဝယ်ယူနေကြတာကြောင့် ဖြစ်ပါတယ်။

Nvidia Crosses $5 Trillion: The Undisputed King of AI Chips Is Just Getting  Started

ဒီလို ရှယ်ယာဈေးတွေ တစ်ဟုန်ထိုး တက်လာတာဟာ Intel ကုမ္ပဏီရဲ့ ဝင်ငွေအခြေအနေတွေ ကောင်းမွန်ခဲ့တာကြောင့်လည်း ပါဝင်ပြီး နည်းပညာဈေးကွက်တစ်ခုလုံးကို နိုးကြားသွားစေပါတယ်။ Intel ရဲ့ ရှယ်ယာဈေးဟာ ၃၉ နှစ်အတွင်း အမြင့်ဆုံးအဖြစ် ၂၄ ရာခိုင်နှုန်း ခုန်တက်ခဲ့သလို ပြိုင်ဘက် AMD နဲ့ Qualcomm တို့ရဲ့ ရှယ်ယာတွေလည်း အသီးသီး လိုက်ပါ မြင့်တက်ခဲ့ပါတယ်။ အီရန်စစ်ပွဲကြောင့် ရေနံဈေးတက်ပြီး နည်းပညာလောကကို ရင်းနှီးမြှုပ်နှံသူတွေ မျက်နှာလွှဲခဲ့ကြပေမဲ့ အခုတော့ AI နည်းပညာရဲ့ အရှိန်အဟုန်ကြောင့် လူတိုင်းက နည်းပညာရှယ်ယာတွေဆီ ပြန်လည် ခြေဦးလှည့်လာကြတာပါ။

Nvidia becomes the world's first $5 trillion company

 

Nasdaq အညွှန်းကိန်းဟာလည်း ဧပြီလအတွင်းမှာ ၁၅ ရာခိုင်နှုန်းအထိ တက်လာခဲ့ပြီး ၆ နှစ်တာအတွင်း အကောင်းဆုံးလ တစ်လဖြစ်ဖို့ အားယူနေပါတယ်။ ဒါပေမဲ့ Nvidia အတွက်တော့ အခင်းအကျင်းက အားလုံး အေးဆေးနေတာမျိုး မဟုတ်ပါဘူး။ သူတို့ရဲ့ ဖောက်သည်ကြီးဖြစ်တဲ့ Alphabet (Google) က ကိုယ်ပိုင် AI ချစ်ပ်ပြားတွေနဲ့ Nvidia ကို ပြန်လည်စိန်ခေါ်ဖို့ ပြင်ဆင်နေတာကြောင့် ရှေ့လျှောက် နည်းပညာလောကရဲ့ ချစ်ပ်ပြားစစ်ပွဲက ပိုပြီးတော့တောင် စိတ်လှုပ်ရှားဖို့ ကောင်းလာဦးမှာ ဖြစ်ပါတယ်။

Ref : cnbc