Google ဟာ Chromebook တွေရဲ့နေရာမှာ အစားထိုးလာမယ့် “Googlebooks” လို့ခေါ်တဲ့ လက်ပ်တော့အမျိုးအစားသစ်ကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီ Googlebooks တွေဟာ Android နဲ့ Chrome OS တို့ရဲ့ အကောင်းဆုံးအချက်တွေကို ပေါင်းစပ်ထားပြီး Gemini AI ကို အဓိကအခြေခံပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အသုံးပြုသူတွေအနေနဲ့ လက်ပ်တော့ပေါ်က Cursor ကို လှုပ်ယမ်းလိုက်ရုံနဲ့ Gemini ရဲ့ အကူအညီကို ရယူနိုင်မှာဖြစ်သလို မိမိစိတ်ကြိုက် Widget တွေကိုလည်း စာသားရိုက်ထည့်ရုံနဲ့ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

အဲဒီ Googlebook တွေရဲ့ ထူးခြားချက်ကတော့ Android ဖုန်းတွေနဲ့ အချိတ်အဆက်မိမိ အသုံးပြုနိုင်တာပဲ ဖြစ်ပါတယ်။ ဖုန်းထဲက App တွေကို လက်ပ်တော့ပေါ်ကနေ တိုက်ရိုက်အသုံးပြုနိုင်မှာဖြစ်သလို ဖုန်းဆီကိုလာတဲ့ Notification တွေကိုလည်း လက်ပ်တော့ကနေတစ်ဆင့် ချက်ချင်းတုံ့ပြန်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်းထဲမှာရှိတဲ့ ဖိုင်တွေကိုလည်း Googlebook ရဲ့ File Browser ကနေတစ်ဆင့် လွယ်လွယ်ကူကူ ရယူအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Google introduces Googlebooks running Android

လက်ရှိမှာ Google ဟာ Acer၊ Asus၊ Dell၊ HP နဲ့ Lenovo စတဲ့ ကုမ္ပဏီကြီးတွေနဲ့ ပူးပေါင်းပြီး အဆင့်မြင့်လက်ပ်တော့တွေကို ထုတ်လုပ်သွားဖို့ ပြင်ဆင်နေပါတယ်။ အဲဒီ Googlebooks တိုင်းမှာ “Glowbar” လို့ခေါ်တဲ့ လှပပြီး လုပ်ဆောင်ချက်ပါဝင်တဲ့ မီးတန်းလေးတစ်ခု ပါဝင်မှာဖြစ်ပြီး ပုံစံမျိုးစုံနဲ့ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ Google ကတော့ အသေးစိတ်အချက်အလက်တွေကို အခုနှစ်နှောင်းပိုင်းမှာ ထပ်မံထုတ်ပြန်ပေးသွားမယ်လို့ ကတိပေးထားပါတယ်။

Google introduces Googlebooks running Android

Ref : gsmarena