ယခုခေတ်မှာ မျက်မြင်ကိုယ်တွေ့ဆိုတာကိုတောင် ယုံကြည်ဖို့ ခက်ခဲလာပါပြီ။ သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုအသစ်အရ လူတွေဟာ တကယ့်အစစ်အမှန် ဗီဒီယိုတွေနဲ့ AI က ဖန်တီးထားတဲ့ အတုအယောင် ဗီဒီယိုတွေကို ခွဲခြားသိမြင်နိုင်စွမ်း သိပ်မရှိတော့ဘူးလို့ သိရပါတယ်။

သုတေသီတွေဟာ လူတွေ စကားပြောနေတဲ့ ပုံစံတွေ၊ အင်တာဗျူး ဖြေဆိုနေတဲ့ ပုံစံတွေ ပါဝင်တဲ့ ၅ စက္ကန့်စာ ဗီဒီယိုပေါင်း ၂၆၉၁ ခုကို အသုံးပြုပြီး စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။

Teenagers struggle to tell if videos are real or fake as AI floods social media - ABC News

ဒီစမ်းသပ်မှုမှာ Google၊ Alibaba နဲ့ xAI တို့လို နည်းပညာကုမ္ပဏီကြီးတွေရဲ့ နာမည်ကြီး AI စနစ် ၇ မျိုးကို အသုံးပြုပြီး အတုအယောင် ဗီဒီယိုတွေကို ဖန်တီးခဲ့ပါတယ်။ အံ့သြစရာကောင်းတာက လူတွေဟာ အဲဒီ AI ဗီဒီယိုတွေကို ၅၂ ဒသမ ၆ ရာခိုင်နှုန်းလောက်ပဲ မှန်ကန်စွာ ခွဲခြားနိုင်ခဲ့ပါတယ်။

ဒါဟာ မျက်စိမှိတ်ပြီး ရမ်းဆရွေးချယ်တာနဲ့ သိပ်မကွာခြားတဲ့ ရလဒ်ဖြစ်ပါတယ်။ ပိုဆိုးတာက အတုအယောင်တွေကို ဖမ်းဆီးဖို့ အထူးဖန်တီးထားတဲ့ ကွန်ပျူတာ ပရိုဂရမ်တွေတောင်မှ ၅၀ ရာခိုင်နှုန်းအောက်သာ အမှတ်ရရှိပြီး ခွဲခြားဖို့ အတော်လေး ရုန်းကန်ခဲ့ရပါတယ်။

Teenagers struggle to tell if videos are real or fake as AI floods social media - ABC News

ဒီလေ့လာမှုကနေ ထိတ်လန့်စရာကောင်းတဲ့ အချက်တစ်ချက်ကို တွေ့ရပါတယ်။ အရင်ကလို လူတစ်ယောက်ရဲ့ မျက်နှာကိုပဲ အစားထိုး ပြောင်းလဲတာမျိုး မဟုတ်တော့ဘဲ၊ အခုနောက်ပိုင်း နည်းပညာအသစ်တွေဟာ ပြကွင်းပြကွက် တစ်ခုလုံးကိုပါ အစစ်အမှန်အတိုင်း ဖန်တီးနိုင်စွမ်း ရှိလာပါပြီ။

ဒါကြောင့်မို့ အရင်က သုံးခဲ့တဲ့ အတုအယောင် ဗီဒီယိုတွေကို ရှာဖွေဖော်ထုတ်တဲ့ နည်းလမ်းဟောင်းတွေဟာ အခုအချိန်မှာ အသုံးမဝင်တော့ဘူးလို့ သုတေသီတွေက သတိပေးထားပါတယ်။

ref: Technology Innovation