Xiaomi ရဲ့ လျှပ်စစ်ကားလောကထဲ ဝင်ရောက်လာမှုဟာ တော်တော်လေးကို ဟိုးလေးတကျော်ဖြစ်ခဲ့ပြီး အခုဆိုရင် SU7 ဆီဒင်ကားစီးရီး စတင်ပို့ဆောင်တဲ့အချိန်ကနေ ၂၈ လခွဲအတွင်းမှာတင် စုစုပေါင်း အစီးရေ ၅ သိန်းကျော်အထိ ပို့ဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လတစ်လတည်းမှာတင် အစီးရေ ၂၁,၀၄၄ စီး ပို့ဆောင်ပေးနိုင်ခဲ့ပြီး ဒီနှစ်ရဲ့ ပထမ ၇ လတာ ကာလအတွင်းမှာတော့ SU7 အစီးရေပေါင်း ၁၀၁,၅၄၀ အထိ ပို့ဆောင်ပေးနိုင်ခဲ့တာက တကယ့်ကို အံ့မခန်းပါပဲ။

YU7 SUV စီးရီးတွေပါ ထည့်တွက်မယ်ဆိုရင်တော့ Xiaomi EV ဟာ စုစုပေါင်း ကားအစီးရေ ၇ သိန်း ၆ သောင်းကျော်အထိ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ စိန်ခေါ်မှုတွေကတော့ ရှိနေဆဲပါပဲ။ ၂၀၂၆ ခုနှစ်အတွက် ရည်မှန်းထားတဲ့ စုစုပေါင်း အစီးရေ ၅ သိန်းခွဲ ပြည့်မီဖို့အတွက် လက်ရှိအချိန်ထိ ၃၉ ရာခိုင်နှုန်းသာ ပြီးမြောက်သေးတာဖြစ်ပါတယ်။ ဒါကြောင့် ကျန်ရှိနေသေးတဲ့ ၅ လတာကာလမှာ ရည်မှန်းချက်ပြည့်မီဖို့ဆိုရင် တစ်လကို ပျမ်းမျှ အစီးရေ ၆၇,၀၀၀ နီးပါးလောက် ပို့ဆောင်ပေးဖို့ လိုအပ်နေပါတယ်။

ဒီလို လိုအပ်နေတဲ့ ရောင်းအားတွေ အရှိန်အဟုန်နဲ့ မြင့်တက်လာစေဖို့အတွက် ဇူလိုင်လ ၃၀ ရက်နေ့မှာ Sky Nomad လို့ နာမည်ပေးထားတဲ့ extended-range electric vehicle (EREV) SUV ကားသစ်တွေကို အမိုက်စား မိတ်ဆက်လိုက်ပါတယ်။ အဲဒီ N90 Max နဲ့ N70 Max ကားသစ်တွေကို လာမယ့် စက်တင်ဘာလမှာ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။
Ref : cnevpost