Microsoft ကုမ္ပဏီဟာ Apple’s MacBook Pro ရဲ့ ပြိုင်ဘက်အဖြစ် အလွန်အားကောင်းတဲ့ Microsoft Surface Laptop Ultra  လို့ခေါ်တဲ့ AI လက်ပ်တော့အသစ်တစ်လုံးကို မိတ်ဆက်ရောင်းချလိုက်ပါတယ်။ အဲဒီလက်ပ်တော့မှာ NVIDIA ရဲ့ အဆင့်မြင့် ချစ်ပ်ပြားတွေနဲ့အတူ Memory 128GB အထိနဲ့ သိုလှောင်နိုင်စွမ်း 2TB အထိ ထည့်သွင်းပေးထားပြီး ပရိုဂရမ်မာတွေနဲ့ AI ဖန်တီးသူတွေအတွက် အဓိက ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

Microsoft Surface Laptop Ultra sitting on a surface.

အဲဒီစက်ပစ္စည်းဟာ ပေါ့ပါးတဲ့ဒီဇိုင်းနဲ့အတူ ပါရာမီတာ ၁၂၀ ဘီလီယံကျော်ပါတဲ့ ဒေသတွင်း AI အေးဂျင့်တွေကို ချောမွေ့စွာ လုပ်ဆောင်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် ၁၅ လက်မအရွယ် PixelSense Ultra မျက်နှာပြင်နဲ့အတူ ဘက္ထရီသက်တမ်း ၁၂ နာရီကျော် အသုံးပြုနိုင်ပြီး အခြားသော ချိတ်ဆက်မှု ပုံစံမျိုးစုံကိုလည်း ထည့်သွင်းပေးထားပါတယ်။

Microsoft Surface Laptop Ultra

အဲဒီ AI လက်ပ်တော့အသစ်ရဲ့ မူလဈေးနှုန်းက အမေရိကန်ဒေါ်လာ ၂,၅၉၉ ကနေ စတင်ဝယ်ယူနိုင်ပြီး အောက်တိုဘာ ၁၆ ရက်မှာ စတင်ဖြန့်ချိဖို့ စီစဉ်ထားပါတယ်။ ဒါ့အပြင် ပိုမိုစွမ်းဆောင်ရည်မြင့်မားတဲ့ ဗားရှင်းတွေနဲ့အတူ developer တွေအတွက် ရည်ရွယ်တဲ့ Microsoft Surface RTX Spark Dev Box   ကိုပါ တစ်ပါတည်း ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပါတယ်။

Ref : mashable