ရုပ်ရှင်တွေထဲကလို လူတူစက်ရုပ်တွေက နယ်စပ်လုံခြုံရေး ယူပေးမယ့်အချိန်ကို မကြာခင် မြင်တွေ့ရနိုင်ပါတယ်။ အမေရိကန်အခြေစိုက် စက်ရုပ်နည်းပညာကုမ္ပဏီ Foundation က သူတို့ရဲ့ Phantom လို့ခေါ်တဲ့ လူတူစက်ရုပ်တွေကို အမေရိကန်-မက္ကဆီကို နယ်စပ်စောင့်ကြည့်ရေးမှာ အသုံးပြုဖို့ အဆိုပြုလိုက်ပါတယ်။ ဒီအစီအစဉ်ကို ပြည်တွင်းလုံခြုံရေးဌာန (DHS) ထံ တင်ပြထားပြီး တပ်မတော်၊ ရေတပ်၊ လေတပ်တို့နဲ့လည်း လက်တလော ဆွေးနွေးမှုတွေ အရှိန်အဟုန်နဲ့ လုပ်ဆောင်နေပါတယ်။

Department of Homeland Security Seeking Humanoid Robots to Patrol Southern  Border

ဒီစက်ရုပ်တွေရဲ့ စွမ်းဆောင်ရည်က တော်တော်လေး အံ့မခန်းဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့ မြေပြင်တွေမှာ အလွယ်တကူ ဖြတ်သန်းသွားလာနိုင်ပြီး လူတွေကို ရှာဖွေတာ၊ ပတ်ဝန်းကျင်ကို မြေပုံဆွဲတာတွေကို ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ပါတယ်။ အဓိကအားဖြင့် လုံခြုံရေးမျှော်စင်တွေနဲ့ ဒရုန်းတွေ လှမ်းမမြင်နိုင်တဲ့ ကြားနေရာတွေအပြင် အန္တရာယ်များတဲ့ နယ်စပ်လိုဏ်ခေါင်းတွေမှာပါ အသုံးပြုဖို့ ရည်ရွယ်ထားတာပါ။ ပိုစိတ်ဝင်စားစရာကောင်းတာက ဒီ Phantom စက်ရုပ်တွေကို ယူကရိန်းစစ်မျက်နှာပြင်ရဲ့ ရှေ့တန်းနေရာတွေမှာတောင် ထောက်ပံ့ရေးနဲ့ အန္တရာယ်များတဲ့ အလုပ်တွေအတွက် အောင်မြင်စွာ စမ်းသပ်အသုံးပြုခဲ့ပြီးဖြစ်ပါတယ်။ အခုဆိုရင် ပြင်ပရာသီဥတုဒဏ်ကို အပြည့်အဝ ခံနိုင်ရည်ရှိမယ့် ဗားရှင်းသစ်ကိုပါ ထပ်မံ အဆင့်မြှင့်တင်နေပါတယ်။

US Firm Pitches Humanoid Robots for Southern Border Patrol - Mjengo Hub

လတ်တလောမှာတော့ အဲဒီစက်ရုပ်တွေကို နယ်စပ်မှာချထားဖို့က အဆိုပြုချက်အဆင့်သာ ရှိသေးပြီး တရားဝင် အတည်ပြုတာမျိုးတော့ မရှိသေးပါဘူး။ တကယ်လို့ တရားဝင် အသုံးပြုလာခဲ့ရင်လည်း စက်ရုပ်တွေက မသင်္ကာစရာ လှုပ်ရှားမှုတွေကို ထောက်လှမ်းပြီး သတင်းပို့ပေးတဲ့ တာဝန်ကိုသာ အဓိက ယူမှာဖြစ်ပါတယ်။ ဝင်ရောက်ဖမ်းဆီးတာနဲ့ အရေးယူတာတွေကိုတော့ လူသားအရာရှိတွေကသာ အဆုံးအဖြတ်ပေးပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Ref : Technology Innovation