ကမ္ဘာ့အာကာသစစ်ပွဲသမိုင်းမှာ အလှည့်အပြောင်းတစ်ခုဖြစ်လာနိုင်မယ့် သတင်းတစ်ရပ်ကို အမေရိကန်က ထုတ်ပြန်လိုက်ပါတယ်။ ကမ္ဘာပတ်လမ်းကြောင်းထဲမှာ အသင့်သုံးနိုင်တဲ့ အာကာသလက်နက်တွေ သူတို့ဆီမှာရှိနေပြီလို့ အမေရိကန်ပြည်ထောင်စုက ပထမဆုံးအကြိမ် တရားဝင် အတည်ပြုလိုက်တာပါ။ မေရီလန်းပြည်နယ်မှာ စက်တင်ဘာလ ၁၄ ရက်နေ့က ကျင်းပခဲ့တဲ့ လေကြောင်း၊ အာကာသနဲ့ ဆိုက်ဘာညီလာခံမှာ လေတပ်အတွင်းဝန် Troy Meink က ဒီလျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ အမေရိကန်နဲ့ မဟာမိတ်တပ်တွေကို ရန်သူတွေရဲ့ ခြိမ်းခြောက်မှုကနေ အပြည့်အဝကာကွယ်ပေးနိုင်မယ့် အာကာသထိန်းချုပ်ရေးလက်နက်တွေကို အာကာသတပ်ဖွဲ့က ပိုင်ဆိုင်ထားပြီလို့ သူက ဂုဏ်ယူဝင့်ကြွားစွာ ကြေညာခဲ့ပါတယ်။US admits it has space-control weapons deployed in orbit for the first time:  What we know | Mathrubhumi English

ဒါပေမဲ့ အဲဒီလက်နက်တွေ ဘယ်လောက်တောင် များပြားတယ်၊ ဘယ်အချိန်ကတည်းက လျှို့ဝှက်တပ်ဖြန့်ထားတယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ အမေရိကန်က ထုတ်မပြောသေးပါဘူး။ ဒါ့အပြင် ရန်သူ့ဂြိုဟ်တုတွေကို တိုက်ရိုက်ဖျက်ဆီးပစ်နိုင်စွမ်း ရှိမရှိဆိုတာကိုလည်း တာဝန်ရှိသူတွေက နှုတ်ဆိတ်နေဆဲပါ။ သေချာတာတစ်ခုကတော့ ဒီအာကာသထိန်းချုပ်ရေးလက်နက်တွေဟာ ရန်သူတွေရဲ့ အာကာသစွမ်းဆောင်ရည်ကို ကမောက်ကမဖြစ်အောင် နှောင့်ယှက်နိုင်၊ စွမ်းရည်ကျဆင်းအောင်လုပ်နိုင်သလို လုံးဝပျက်စီးသွားအောင်ပါ လုပ်ဆောင်နိုင်တဲ့ အဆင့်မြင့်စနစ်တွေ ဖြစ်နေတာပါပဲ။ ရန်သူ့ဂြိုဟ်တုတွေနဲ့ အခြားအာကာသစနစ်တွေကို ရုပ်ပိုင်းဆိုင်ရာအရ တိုက်ခိုက်တာမျိုးဖြစ်စေ၊ အီလက်ထရောနစ်လှိုင်းတွေနဲ့ ဖြတ်တောက်တာမျိုးဖြစ်စေ ပုံစံမျိုးစုံနဲ့ အနှောင့်အယှက်ပေးနိုင်စွမ်း ရှိနေပါတယ်။

For the first time, the US military confirms it has deployed weapons in  orbit - Ars Technica

ဒီလို အမေရိကန်ရဲ့ အင်အားပြမှုအပေါ် အင်အားကြီးပြိုင်ဘက် တရုတ်နိုင်ငံက ချက်ချင်းဆိုသလိုပဲ စက်တင်ဘာလ ၁၅ ရက်နေ့မှာ တုံ့ပြန်လာပါတယ်။ အာကာသထဲမှာ စစ်ရေးအရ အင်အားချဲ့ထွင်နေတာတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ အာကာသကြီးကို စစ်တလင်းပြင်အဖြစ် မပြောင်းလဲပစ်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။ ရုရှားနိုင်ငံကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။ ၁၉၆၇ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ အာကာသဆိုင်ရာစာချုပ်မှာ နျူကလီးယားနဲ့ အစုလိုက်အပြုံလိုက် သေကျေပျက်စီးစေနိုင်တဲ့ လက်နက်တွေကိုသာ တားမြစ်ထားတာဖြစ်ပြီး သမားရိုးကျလက်နက်တွေကိုတော့ ကန့်သတ်ထားတာမျိုး မရှိပါဘူး။ ဒါကြောင့် အခုလို အမေရိကန်ရဲ့ ကြေညာချက်ဟာ ကမ္ဘာ့အာကာသလက်နက်ပြိုင်ပွဲကြီးကို မီးမွှေးလိုက်တာလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Ref : Technology Innovation