စမတ်ဖုန်းတွေရဲ့ နေရာမှာ အစားထိုး အသုံးပြုနိုင်ဖို့ ရည်ရွယ်ပြီး Meta ကုမ္ပဏီဟာ လက်ထဲ လွယ်လွယ်ကူကူ ကိုင်ဆောင်နိုင်မယ့် Meta Charm ဆိုတဲ့ AI ကိရိယာသစ်ကို ပွဲထုတ်လိုက်ပါတယ်။ Apple AirPods ဘူးအရွယ်အစားပဲ ရှိတဲ့ ဒီကိရိယာမှာ ၂ လက်မဝန်းကျင် Touchscreen စခရင်နဲ့ 5G စနစ် ပါဝင်မှာဖြစ်ပြီး လာမယ့် ဒီဇင်ဘာလ အားလပ်ရက်ရာသီမှာ စတင်ရောင်းချပေးသွားမှာပါ။ ဒါ့အပြင် တိုးတက်လာတဲ့ Muse AI စနစ်ကို စမတ်မျက်မှန် စီးရီးတွေမှာပါ ပေါင်းစပ်ထည့်သွင်းထားတာကြောင့် အသံနဲ့ ခိုင်းစေရုံနဲ့တင် ဈေးဝယ်တာနဲ့ ရက်ချိန်းယူတာတွေကို စက္ကန့်ပိုင်းအတွင်း ပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။

Meta puts its AI assistant on a keychain - Ars Technica

နည်းပညာချစ်သူတွေအတွက် ဒေါ်လာ ၁,၂၉၉ တန်ကြေးရှိတဲ့ VR မျက်မှန်သစ်ကိုလည်း အံ့အားသင့်ဖွယ် မိတ်ဆက်ခဲ့ပြီး ဖဲချပ်တစ်ထုပ်စာ အလေးချိန်ပဲ ရှိတာကြောင့် အရင်တုန်းက လေးလံတဲ့ Headset တွေနဲ့ စာရင် တပ်ဆင်ရတာ အလွန်ပေါ့ပါး သက်တောင့်သက်သာ ရှိစေမှာပါ။ အကွာအဝေး၊ အသံနဲ့ လက်ဟန်ခြေဟန်တွေနဲ့ စိတ်ကြိုက် ထိန်းချုပ်နိုင်မယ့် ဒီ မျက်မှန်ကို ၂၀၂၇ ခုနှစ် နွေဦးရာသီမှာ စတင်ရောင်းချဖို့ စီစဉ်ထားပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ Privacy စိုးရိမ်မှုတွေကို လျှော့ချနိုင်ဖို့ ကင်မရာမပါဝင်ဘဲ Audio သီးသန့် အသုံးပြုနိုင်တဲ့ Ray-Ban Meta Audio စမတ်မျက်မှန်ကိုလည်း ဒေါ်လာ ၃၄၉ နဲ့ အောက်တိုဘာ ၁၃ ရက်မှာ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။

Meta launches AI gadget Charm as race for post-smartphone hardware heats up  | Reuters

ဓာတ်ပုံနဲ့ ဗီဒီယို ရိုက်ကူးလို့မရတဲ့ ကင်မရာမပါ စမတ်မျက်မှန်တွေမှာ အသံဖမ်းယူနိုင်စွမ်း ရှိနေသေးတာကြောင့် အခြားသူတွေရဲ့ သဘောတူညီချက်မရှိဘဲ အသံဖမ်းယူမိမှာကို စိုးရိမ်မှုအချို့ ထွက်ပေါ်နေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ Meta ဘက်ကတော့ အသံစနစ်ဟာ စမတ်မျက်မှန် အသုံးပြုသူတွေ အကြိုက်ဆုံး Feature ဖြစ်တာကြောင့် ကင်မရာကို ဖြုတ်ပေးလိုက်ခြင်းအားဖြင့် ဒီဇိုင်းကို ပိုမိုပါးလွှာစေသလို ဘက်ထရီသက်တမ်းကိုလည်း ၁၂ နာရီအထိ တိုးမြှင့်ပေးနိုင်ခဲ့တယ်လို့ တုံ့ပြန်ပြောကြားထားပါတယ်။

Ref : Reuters