နော်ဝေနိုင်ငံရဲ့ ကားအသစ် ဈေးကွက်မှာ လျှပ်စစ်ကား (EV) တွေ အပြည့်အဝနီးပါး အစားထိုးနေရာယူလာခဲ့ပါတယ်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ မှတ်ပုံတင်ခဲ့တဲ့ အိမ်စီးကား ၁၁၅,၁၉၆ စီးထဲက ၁၁၂,၈၂၅ စီးမှာ လျှပ်စစ်ကားတွေဖြစ်တာကြောင့် ကားအသစ် ဈေးကွက်ရဲ့ ၉၇.၉၄ ရာခိုင်နှုန်းအထိ စံချိန်တင် နေရာယူထားတာ ဖြစ်ပါတယ်။ အထူးသဖြင့် စက်တင်ဘာလ တစ်လထဲမှာတင် လျှပ်စစ်ကား မှတ်ပုံတင်မှု ၁၈,၅၁၁ စီးအထိ ရှိခဲ့ပြီး ကားအသစ် ဈေးကွက်ရဲ့ ၉၈.၈၁ ရာခိုင်နှုန်းအထိ လစဉ်စံချိန်သစ် တင်နိုင်ခဲ့တာပါ။

EVs Are the Future, No Matter How Far America Falls Behind - CNET

အဲဒီ စက်တင်ဘာလအတွင်း လျှပ်စစ်ကား ဈေးကွက်မှာ Tesla အမှတ်တံဆိပ်က ၄,၉၃၅ စီး မှတ်ပုံတင်နိုင်ခဲ့ပြီး ၂၆.၃ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးကနေ အဓိက ဦးဆောင်ခဲ့ပါတယ်။ အထူးသဖြင့် Tesla Model Y တစ်မျိုးထဲတင် ၁ လအတွင်း ၄,၈၁၀ စီးအထိ ရောင်းချခဲ့ရတာကြောင့် စက်တင်ဘာလ ကားအသစ်ရောင်းအားတစ်ခုလုံးရဲ့ ၂၅.၇ ရာခိုင်နှုန်းအထိ စိုးမိုးထားတာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း လျှပ်စစ်ကား မဟုတ်တဲ့ အခြားအင်ဂျင်သုံး ကားအသစ် စက်တင်ဘာလ ရောင်းအားမှာမူ ၂၂၂ စီးခန့်ပဲ ရှိခဲ့တော့တာပါ။

US EV Sales Are Booming—for Now | WIRED

သို့သော်လည်း နော်ဝေတစ်နိုင်ငံလုံး မောင်းနှင်နေတဲ့ စာရင်းဝင် မော်တော်ယာဉ်စုစုပေါင်းရဲ့ ၃၅.၃ ရာခိုင်နှုန်း (၁,၀၄၃,၉၈၃ စီး) သာ လျှပ်စစ်ကားတွေ ဖြစ်ကြပြီး လမ်းမတွေပေါ်မှာ ဒီဇယ်ကား ၂၉.၄ ရာခိုင်နှုန်းနဲ့ ဓာတ်ဆီကား ၂၂.၉ ရာခိုင်နှုန်းတို့ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။ ယခုကိန်းဂဏန်းတွေက နော်ဝေနိုင်ငံရဲ့ ကားအသစ်ဈေးကွက်မှာ လျှပ်စစ်ကားတွေဘက်ကို အရှိန်အဟုန်နဲ့ ကူးပြောင်းနေသော်လည်း ယခင်သုံးစွဲခဲ့တဲ့ ဓာတ်ဆီနဲ့ ဒီဇယ်ကားတွေမှာ လမ်းမတွေပေါ်မှာ ဆက်လက်မောင်းနှင်နေဆဲ ဖြစ်ကြောင်း ပြသနေတာ ဖြစ်ပါတယ်။

Ref : Technology Innovation