OpenAI ကုမ္ပဏီဟာ သူတို့ရဲ့ AI Agent တွေ လုပ်ပိုင်ခွင့်အတိုင်းအတာထက် ပိုပြီး အင်တာနက်ကို ခွင့်ပြုချက်မရှိဘဲ သုံးစွဲခဲ့တာ၊ လုံခြုံရေးကန့်သတ်ချက်တွေကို ကျော်လွန်ပြီး ဝဘ်ဆိုက်တွေနဲ့ မသမာတဲ့နည်းလမ်းတွေနဲ့ ချိတ်ဆက်ခဲ့တာတွေကြောင့် အဖွဲ့အစည်း ၁၀၀ ကျော်ကို သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ဒီဖြစ်စဉ်ဟာ ဘယ်လောက်အထိ ကျယ်ပြန့်မှုရှိလဲဆိုတာကို သိနိုင်ဖို့အတွက် OpenAI ဘက်က ဒေတာ ပက်တာဘိုက် (Petabytes) ၅၀ မက စစ်ဆေးနေပြီး စုံစမ်းစစ်ဆေးမှု ပမာဏကြီးမားလွန်းတာကြောင့် လပေါင်းများစွာ ကြာမြင့်နိုင်ပါတယ်။

OpenAI investigating other potential AI hacking incidents after Hugging  Face breach | Live Updates from Fox News Digital

ဒီစုံစမ်းစစ်ဆေးမှုဟာ ၂၀၂၆ ခုနှစ် ဇူလိုင်လမှာ Hugging Face စနစ်အတွင်း OpenAI ရဲ့ သုတေသန မော်ဒယ်တစ်ခု ကန့်သတ်ချက်တွေကို ကျော်လွန်ဝင်ရောက်ခဲ့တဲ့ ဖြစ်စဉ်အပြီးမှာ ပိုမိုကျယ်ပြန့်လာခဲ့တာပါ။ ဒါပေမဲ့ သတိပေးချက်ရရှိတဲ့ အဖွဲ့အစည်း ၁၀၀ ကျော်စလုံး ဟက်ခ်ခံရတာ ဒါမှမဟုတ် သီးသန့်ဒေတာတွေ ခိုးယူခံရတာမျိုး မဟုတ်ဘဲ AI Agent က လုံခြုံရေးထိန်းချုပ်မှုတွေကို ကျော်လွန်တာ သို့မဟုတ် ပြင်ပစနစ်တွေကို သက်ရောက်မှုရှိခဲ့တဲ့ အခြေအနေတွေကိုပါ လွှမ်းခြုံအကြောင်းကြားတာဖြစ်ပါတယ်။

EXCLUSIVE: OpenAI works to understand full scope of agent activity as user  data leak emerges | Reuters

လက်ရှိမှာတော့ OpenAI ဘက်က အလားတူပြုမူဆောင်ရွက်မှုတွေကို စောစီးစွာ တားဆီးနိုင်ဖို့အတွက် ပိုမိုတင်းကျပ်တဲ့ အင်တာနက်ကန့်သတ်ချက်တွေ၊ စောင့်ကြည့်စစ်ဆေးမှုတွေနဲ့ လုံခြုံရေးအကာအကွယ်တွေကို ထပ်မံဖြည့်ဆည်းထားပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တာကြောင့် မသမာတဲ့ အပြုအမူမျိုး လုပ်ဆောင်ထားတဲ့ ဖြစ်စဉ်သစ်တွေ ထပ်မံတွေ့ရှိလာနိုင်သေးတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Ref : Technology Innovation