Huawei ရဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ Honor ဟာ လက်ရှိအချိန်မှာ Xiaomi ရဲ့ Mi Max 3 စမတ်ဖုန်းကို ယှဉ်ပြိုင်ဖို့အတွက် စမတ်ဖုန်းအသစ်တစ်မျိုးကို ထုတ်လုပ်ဖို့ ကြံစည်နေတာဖြစ်ပါတယ်။ အဆိုပါ Honor စမတ်ဖုန်းကို Honor 8X Max လို့ နာမည်ပေးထားပြီး လက်ရှိသိထားရတဲ့သတင်းတွေအရတော့ တကယ်ကို Xiaomi Mi Max 3 ထက် ပိုကောင်းမယ့်ပုံပါပဲ။
ဘာကြောင့်လဲဆိုရင်တော့ အခု Honor 8X Max ဟာ Screen Size အနေနဲ့လည်း 7.12″ ရှိမှာဖြစ်ပြီးတော့ Mi Max 3 ထက် ပိုပြီး ကြီးမားတဲ့ Display ကို ပိုင်ဆိုင်ထားတာကြောင့်ပါ။ ဒါ့အပြင် Screen-to-Body Ratio အနေနဲ့လည်း သေးငယ်တဲ့ Notch ပါဝင်တာကြောင့် Mi Max 3 ထက် ပိုပြီး များပြားနိုင်ပါသေးတယ်။
အခုနောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတစ်ခုအရဆိုရင် Honor 8X Max က Mi Max 3 ထက် ပိုပြီး သာတဲ့ နောက်ထပ်အချက်တစ်ခုရှိလာဦးမှာဖြစ်ပါတယ်။ ဒါကတော့ Honor 8X Max ဟာ Kirin Processor ကို အသုံးပြုမှာမဟုတ်တော့ဘဲ Qualcomm Snapdragon 660 Processor ကို အသုံးပြုလာမယ်လို့ သိရပါတယ်။ အခုလိုမျိုး Snapdragon 660 Processor ကို သုံးလာတဲ့အတွက်ကြောင့်လည်း စွမ်းဆောင်ရည်ပိုင်းမှာ Snapdragon 636 ကိုပဲ သုံးထားတဲ့ Mi Max 3 ထက် သာမယ်ဆိုတာ ကျိန်းသေသွားပါပြီ။
လက်ရှိ သိထားရတဲ့သတင်းတွေအရတော့ Honor 8X Max ဟာ အနိမ့်ဆုံး RAM 4GB နဲ့ Storage 64GB ပါဝင်မှာဖြစ်ပြီးတော့ Full HD+ Display ၊ 16MP + 2MP Camera နဲ့ Front Selfie Camera ကို 8MP တပ်ဆင်ထားမှာဖြစ်ပါတယ်။ Battery အနေနဲ့တော့ 4900mAh Battery ပါဝင်မှာဖြစ်ပါတယ်။
အခု Honor 8X Max နဲ့အတူ Honor 8X ဖုန်းကိုပါ လာမယ့် စက်တင်ဘာလ ၈ ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။