အေမရိကန္အေျခစုိက္ ရုပ္ရွင္ထုတ္လုပ္ေရး Disney ဟာ လက္ရွိမွာ Marvel, Star Wars အစရွိတဲ့ နာမည္ေက်ာ္ ရုပ္ရွင္စီးရီးေတြကို ထုတ္လုပ္ေနျပီး သူတုိ႔ရဲ႕ကုိယ္ပုိင္ အန္နီေမးရွင္း ကာတြန္းရုပ္ရွင္ေတြကလည္း ျပိဳင္ဘက္ကင္းနီးပါး ေအာင္ျမင္ေနတာပါ။
ဒါေပမယ့္ အင္တာနက္ေခတ္ထဲ ေရာက္လာတဲ့အခါ ရုပ္ရွင္ရုံေတြ လူၾကိဳက္မ်ားမႈ မေလ်ာ့က်ေပမယ့္ Netflix, Hulu တုိ႔လို အိမ္ကေန တုိက္ရုိက္ၾကည့္ႏိုင္တဲ့ Video Streaming ဝန္ေဆာင္မႈေတြရဲ႕ ေစ်းကြက္ကလည္း က်ယ္ျပန္႔လာပါျပီ။ ေဟာလိဝုဒ္ဟာ Netflix ကိုယွဥ္ႏုိင္မယ့္ ဝန္ေဆာင္မႈေတြအတြက္ အသင့္ျပင္ေနျပီး Disney ကလည္း အပါအဝင္ပဲ ျဖစ္ပါတယ္။
Disney ရဲ႕ ဥကၠဌနဲ႔ အမႈေဆာင္အရာရွိခ်ဳပ္ ေဘာ့ပ္အုိင္ဂါ ဟာ သူတုိ႔ရဲ႕ Streaming ဝန္ေဆာင္မႈကို Disney Play လို႔ အမည္ေပးထားေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ျပီး လက္ရွိအခ်ိန္မွာေတာ့ ထုတ္လုပ္ေနဆဲ ျဖစ္ေပမယ့္ ၂၀၁၉ ထဲမွာ အေရာက္ပို႔ေဆာင္ေပးလာမယ္လုိ႔ ဆုိပါတယ္။
၂၀၁၉ ခုႏွစ္မွာ Disney ကေန Captain Marvel, Toy Story 4, Frozen 2 နဲ႔ Star Wars Episode IX တုိ႔အျပင္ The Lion King ကို ျပန္ရုိက္ထားတဲ့ Live-action ရုပ္ရွင္ေတြပါ ထြက္လာမွာ ျဖစ္လုိ႔ သူတုိ႔အတြက္ အေကာင္းဆုံး အခြင့္အေရးတစ္ခု ျဖစ္ေနသလို အုိင္ဂါ ကလည္း ၂၀၁၉ ခုႏွစ္မွာ Disney Play ဝန္ေဆာင္မႈဟာ ကုမၸဏီရဲ႕ နံပါတ္တစ္ဦးစားေပး ျဖစ္တယ္လို႔ ေျပာထားတဲ့အတြက္ ဘယ္ေလာက္ထိ ၾကီးၾကီးက်ယ္က်ယ္ မိတ္ဆက္လာမလဲ ဆုိတာ ရင္ခုန္စရာပါပဲ။
Ref – Digital Trend
Unicode
အမေရိကန်အခြေစိုက် ရုပ်ရှင်ထုတ်လုပ်ရေး Disney ဟာ လက်ရှိမှာ Marvel, Star Wars အစရှိတဲ့ နာမည်ကျော် ရုပ်ရှင်စီးရီးတွေကို ထုတ်လုပ်နေပြီး သူတို့ရဲ့ကိုယ်ပိုင် အန်နီမေးရှင်း ကာတွန်းရုပ်ရှင်တွေကလည်း ပြိုင်ဘက်ကင်းနီးပါး အောင်မြင်နေတာပါ။
ဒါပေမယ့် အင်တာနက်ခေတ်ထဲ ရောက်လာတဲ့အခါ ရုပ်ရှင်ရုံတွေ လူကြိုက်များမှု မလျော့ကျပေမယ့် Netflix, Hulu တို့လို အိမ်ကနေ တိုက်ရိုက်ကြည့်နိုင်တဲ့ Video Streaming ဝန်ဆောင်မှုတွေရဲ့ ဈေးကွက်ကလည်း ကျယ်ပြန့်လာပါပြီ။ ဟောလိဝုဒ်ဟာ Netflix ကိုယှဉ်နိုင်မယ့် ဝန်ဆောင်မှုတွေအတွက် အသင့်ပြင်နေပြီး Disney ကလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။
Disney ရဲ့ ဥက္ကဌနဲ့ အမှုဆောင်အရာရှိချုပ် ဘော့ပ်အိုင်ဂါ ဟာ သူတို့ရဲ့ Streaming ဝန်ဆောင်မှုကို Disney Play လို့ အမည်ပေးထားကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး လက်ရှိအချိန်မှာတော့ ထုတ်လုပ်နေဆဲ ဖြစ်ပေမယ့် ၂၀၁၉ ထဲမှာ အရောက်ပို့ဆောင်ပေးလာမယ်လို့ ဆိုပါတယ်။
၂၀၁၉ ခုနှစ်မှာ Disney ကနေ Captain Marvel, Toy Story 4, Frozen 2 နဲ့ Star Wars Episode IX တို့အပြင် The Lion King ကို ပြန်ရိုက်ထားတဲ့ Live-action ရုပ်ရှင်တွေပါ ထွက်လာမှာ ဖြစ်လို့ သူတို့အတွက် အကောင်းဆုံး အခွင့်အရေးတစ်ခု ဖြစ်နေသလို အိုင်ဂါ ကလည်း ၂၀၁၉ ခုနှစ်မှာ Disney Play ဝန်ဆောင်မှုဟာ ကုမ္ပဏီရဲ့ နံပါတ်တစ်ဦးစားပေး ဖြစ်တယ်လို့ ပြောထားတဲ့အတွက် ဘယ်လောက်ထိ ကြီးကြီးကျယ်ကျယ် မိတ်ဆက်လာမလဲ ဆိုတာ ရင်ခုန်စရာပါပဲ။