Zawgyi Font Version
HUAWEI ရဲ႕ Brand အခြဲျဖစ္တဲ့ Honor ကေနျပီး OPPO နဲ႔ VIVO တို႔ကို ယွဥ္ျပိဳင္ဖို႔အတြက္ သူ႔ရဲ႕ေနာက္ဆံုးထုတ္ Kirin 980 SoC အသံုးျပဳထားတဲ့ ဖုန္း အသစ္တစ္လံုးကိုမိတ္ဆက္ေတာ့မယ္လို႔သိရပါတယ္။ ၾသဂုတ္လ အေစာပိုင္းက Berlin ျမိဳ႕မွာက်င္းပခဲ့တဲ့ IFA ပြဲမွာ ပထမဆံုး အၾကိမ္အျဖစ္ Tease လုပ္ခဲ့တဲ့ HUAWEI Brand ခြဲ Honor ရဲ႕ ဖုန္းအသစ္ Honor Magic 2 ရဲ႕ တရားဝင္ Teaser ကိုမေန႔က ျဖန္႔ေဝလိုက္ပါတယ္။
Teaser အရ Honor Magic 2 ကို ေအာက္တိုဘာ ၃၁ ရက္ေန႔မွာ မိတ္ဆက္မယ္ဆိုတာလြဲျပီး တစ္ျခားအခ်က္အလက္ေတြေတာ့ မသိရပါဘူး။ အဆိုပါ Honor Magic 2 ကို မိတ္ဆက္မယ့္ ေအာက္တိုဘာ ၃၁ ရက္မွာ Nubia ရဲ႕ဖုန္းအသစ္ Nubia X ကိုလည္းမိတ္ဆက္မွာပါ။ Teaser အရ Honor Magic 2 မွာ Screen-to-Body Ratio 100% ရွိျပီး Selfie ကင္မရာအတြက္ Slider ေလးထည့္သြင္းေပးထားပါတယ္။Honor Magic 2 ဟာ Selfie ကင္မရာကို Slider ထဲထည့္သြင္းေပးထားတဲ့ ပထမဆံုးဖုန္းတစ္လံုးမဟုတ္ပဲ OPPO Find X နဲ႔ VIVO NEX တို႔မွာေတြ႔ေနက် နည္းပညာတစ္ခုျဖစ္ပါတယ္။ ထူးျခားခ်က္က Honor Magic 2 ရဲ႕ Slider က တစ္ျခားဖုန္းေတြလို ေမာ္တာနဲ႔မဟုတ္ပဲ လက္နဲ႔ တြန္းဖြင့္ရမွာပါ။ Slider အဖြင့္အပိတ္ကိုလည္း AI Feature ေတြနဲ႔ အားျဖည့္ေပးသြားမယ္လို႔သိရပါတယ္။
Huawei Mate 20 မွာလိုပဲ Kirin 980 SoC သံုးသြားမယ့္ Honor Magic 2 မွာ In-Display Fingerprint Scanner ပါဝင္ျပီး ေနာက္ေက်ာဘက္ Dual AI Camera ပါဝင္မွာပါ။ ဘက္ထရီ ပမာဏလည္း ပိုမိုပါဝင္လာျပီး 40W ရွိတဲ့ အားသြင္းျမန္စနစ္လည္းထည့္သြင္းေပးထားမယ္လို႔ သိရပါတယ္။
Ref: Giz China
Unicode Version
HUAWEI ရဲ့ Brand အခွဲဖြစ်တဲ့ Honor ကနေပြီး OPPO နဲ့ VIVO တို့ကို ယှဉ်ပြိုင်ဖို့အတွက် သူ့ရဲ့နောက်ဆုံးထုတ် Kirin 980 SoC အသုံးပြုထားတဲ့ ဖုန်း အသစ်တစ်လုံးကိုမိတ်ဆက်တော့မယ်လို့သိရပါတယ်။ သြဂုတ်လ အစောပိုင်းက Berlin မြို့မှာကျင်းပခဲ့တဲ့ IFA ပွဲမှာ ပထမဆုံး အကြိမ်အဖြစ် Tease လုပ်ခဲ့တဲ့ HUAWEI Brand ခွဲ Honor ရဲ့ ဖုန်းအသစ် Honor Magic 2 ရဲ့ တရားဝင် Teaser ကိုမနေ့က ဖြန့်ဝေလိုက်ပါတယ်။
Teaser အရ Honor Magic 2 ကို အောက်တိုဘာ ၃၁ ရက်နေ့မှာ မိတ်ဆက်မယ်ဆိုတာလွဲပြီး တစ်ခြားအချက်အလက်တွေတော့ မသိရပါဘူး။ အဆိုပါ Honor Magic 2 ကို မိတ်ဆက်မယ့် အောက်တိုဘာ ၃၁ ရက်မှာ Nubia ရဲ့ဖုန်းအသစ် Nubia X ကိုလည်းမိတ်ဆက်မှာပါ။ Teaser အရ Honor Magic 2 မှာ Screen-to-Body Ratio 100% ရှိပြီး Selfie ကင်မရာအတွက် Slider လေးထည့်သွင်းပေးထားပါတယ်။
Honor Magic 2 ဟာ Selfie ကင်မရာကို Slider ထဲထည့်သွင်းပေးထားတဲ့ ပထမဆုံးဖုန်းတစ်လုံးမဟုတ်ပဲ OPPO Find X နဲ့ VIVO NEX တို့မှာတွေ့နေကျ နည်းပညာတစ်ခုဖြစ်ပါတယ်။ ထူးခြားချက်က Honor Magic 2 ရဲ့ Slider က တစ်ခြားဖုန်းတွေလို မော်တာနဲ့မဟုတ်ပဲ လက်နဲ့ တွန်းဖွင့်ရမှာပါ။ Slider အဖွင့်အပိတ်ကိုလည်း AI Feature တွေနဲ့ အားဖြည့်ပေးသွားမယ်လို့သိရပါတယ်။
Huawei Mate 20 မှာလိုပဲ Kirin 980 SoC သုံးသွားမယ့် Honor Magic 2 မှာ In-Display Fingerprint Scanner ပါဝင်ပြီး နောက်ကျောဘက် Dual AI Camera ပါဝင်မှာပါ။ ဘက်ထရီ ပမာဏလည်း ပိုမိုပါဝင်လာပြီး 40W ရှိတဲ့ အားသွင်းမြန်စနစ်လည်းထည့်သွင်းပေးထားမယ်လို့ သိရပါတယ်။
Ref: Giz China