ကုမၸဏီအတြက္ ပထမဆုံး IP67 Rating နဲ႔ ေရစိမ္ခံတက္ဘလက္ျဖစ္တဲ့ Honor WaterPlay ကို မိတ္ဆက္ခဲ့ျပီး တစ္ႏွစ္အၾကာမွာေတာ့ ဒီတက္ဘလက္ရဲ႕ ၈ လက္မ အရြယ္ဗားရွင္းကို ထုတ္လုပ္လိုက္ပါျပီ။

Honor WaterPlay မွာ 8” လက္မအရြယ္ WUXGA Screen ပါဝင္ျပီး Kirin 659 SoC ကို သုံးစြဲထားတယ္။ Android 8.0 Nougat ေပၚမွာ EMUI 8.0 အုပ္ျပီး အသုံးျပဳရမွာျဖစ္ပါတယ္။ Huawei ရဲ႕ 5.0 3D Audio နည္းပညာနဲ႔ Home Button ေပၚမွာ ထည့္သြင္းထားတဲ့ Fingerprint ဆင္ဆာတုိ႔လည္း ပါဝင္တယ္။

ေက်ာဘက္အဓိက ကင္မရာက 13 MP + 2MP အတြဲျဖစ္ျပီး ေရွ႕ဘက္ ဆယ္လ္ဖီကင္မရာကေတာ့ 8MP ျဖစ္ကာ Face Unlock စနစ္လည္း ထည့္သြင္းေပးထားတယ္။ ဘကၳရီအားက 5100 mAh ျဖစ္ကာ 9V-2A အားအျမန္သြင္းစနစ္ ပါဝင္တယ္။ သူ႕ရဲ႕ အဓိကဆြဲေဆာင္မႈတစ္ခုက အေပၚမွာ ေျပာခဲ့သလို IP67 Rating ရွိတဲ့ ေရဒဏ္၊ ဖုန္ဒဏ္ ခံႏုိင္ရည္စြမ္းပါပဲ။

Honor WaterPlay အသစ္ဟာ ေရႊနဲ႔ ေငြေရာင္ ကာလာမ်ားျဖင့္ ထြက္ရွိလာျပီး 64GB Wifi သီးသန္႔ ဗားရွင္းအတြက္ ယြမ္ေငြ ၁၄၉၉ (ေဒၚလာ ၂၁၇) က်သင့္မွာ ျဖစ္တယ္။ 128GB Storage နဲ႔ Wifi ဗားရွင္းက ၁၈၉၉ ယြမ္ (၂၇၅ ေဒၚလာ) ဝန္းက်င္ သတ္မွတ္ထားျပီး 4G LTE နက္ဝပ္ေထာက္ပံ့မႈပါတဲ့ 64GB ဗားရွင္းကေတာ့ ၁၇၉၉ ယြမ္ (၂၆၁ ေဒၚလာ) ျဖစ္ပါတယ္။ RAM မန္မုိရီကေတာ့ 4GB ပါပဲ။ တရုတ္ျပည္တြင္းေစ်းကြက္မွာ ၾကိဳတင္ မွာယူမႈ လက္ခံေနျပီျဖစ္ျပီး ႏိုဝင္ဘာ ၆ ရက္ေန႔မွာ စတင္ေရာင္းခ်သြားမွာပါ။

Ref – FoneArena

Unicode

ကုမ္ပဏီအတွက် ပထမဆုံး IP67 Rating နဲ့ ရေစိမ်ခံတက်ဘလက်ဖြစ်တဲ့ Honor WaterPlay ကို မိတ်ဆက်ခဲ့ပြီး တစ်နှစ်အကြာမှာတော့ ဒီတက်ဘလက်ရဲ့ ၈ လက်မ အရွယ်ဗားရှင်းကို ထုတ်လုပ်လိုက်ပါပြီ။

Honor WaterPlay မှာ 8” လက်မအရွယ် WUXGA Screen ပါဝင်ပြီး Kirin 659 SoC ကို သုံးစွဲထားတယ်။ Android 8.0 Nougat ပေါ်မှာ EMUI 8.0 အုပ်ပြီး အသုံးပြုရမှာဖြစ်ပါတယ်။ Huawei ရဲ့ 5.0 3D Audio နည်းပညာနဲ့ Home Button ပေါ်မှာ ထည့်သွင်းထားတဲ့ Fingerprint ဆင်ဆာတို့လည်း ပါဝင်တယ်။

ကျောဘက်အဓိက ကင်မရာက 13 MP + 2MP အတွဲဖြစ်ပြီး ရှေ့ဘက် ဆယ်လ်ဖီကင်မရာကတော့ 8MP ဖြစ်ကာ Face Unlock စနစ်လည်း ထည့်သွင်းပေးထားတယ်။ ဘက္ထရီအားက 5100 mAh ဖြစ်ကာ 9V-2A အားအမြန်သွင်းစနစ် ပါဝင်တယ်။ သူ့ရဲ့ အဓိကဆွဲဆောင်မှုတစ်ခုက အပေါ်မှာ ပြောခဲ့သလို IP67 Rating ရှိတဲ့ ရေဒဏ်၊ ဖုန်ဒဏ် ခံနိုင်ရည်စွမ်းပါပဲ။

Honor WaterPlay အသစ်ဟာ ရွှေနဲ့ ငွေရောင် ကာလာများဖြင့် ထွက်ရှိလာပြီး 64GB Wifi သီးသန့် ဗားရှင်းအတွက် ယွမ်ငွေ ၁၄၉၉ (ဒေါ်လာ ၂၁၇) ကျသင့်မှာ ဖြစ်တယ်။ 128GB Storage နဲ့ Wifi ဗားရှင်းက ၁၈၉၉ ယွမ် (၂၇၅ ဒေါ်လာ) ဝန်းကျင် သတ်မှတ်ထားပြီး 4G LTE နက်ဝပ်ထောက်ပံ့မှုပါတဲ့ 64GB ဗားရှင်းကတော့ ၁၇၉၉ ယွမ် (၂၆၁ ဒေါ်လာ) ဖြစ်ပါတယ်။ RAM မန်မိုရီကတော့ 4GB ပါပဲ။ တရုတ်ပြည်တွင်းဈေးကွက်မှာ ကြိုတင် မှာယူမှု လက်ခံနေပြီဖြစ်ပြီး နိုဝင်ဘာ ၆ ရက်နေ့မှာ စတင်ရောင်းချသွားမှာပါ။

Ref – FoneArena