[Zawgyi]

Apple ဟာ Silk Labs မွာ ဉာဏ္ရည္တု နည္းပညာကို တိတ္တဆိတ္ပဲ စတင္ေနၿပီလို႔ သတင္းေတြ ထြက္ေပၚလာပါၿပီ။ ဒီႏွစ္ရဲ႕ အေစာပိုင္းကတည္းက ဝယ္ယူထားတာျဖစ္တယ္လို႔လည္း အမည္မေဖာ္တဲ့ သတင္းရင္းျမစ္ကတစ္ဆင့္ သိရပါတယ္။

Silk Labs ဟာ စက္ပစၥည္းေပၚမွာ AI Software ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အထူးျပဳ လုပ္ေဆာင္ရမွာ ျဖစ္ပါတယ္။ အဓိပၸါယ္ကေတာ့ Cloud နဲ႔ မခ်ိတ္ဆက္ဘဲ ကုမၸဏီအေနနဲ႔ ႀကီးမားလွတဲ့ ကိုယ္ပိုင္ေဒတာနဲ႔ ေရွ႕ဆက္မယ္လို႔ ဆိုႏိုင္ပါတယ္။

ကယ္လီဖိုးနီးယား က San Mateo မွာ ၂၀၁၅ ခုႏွစ္တုန္းက Andreas Gal, Chris Jones နဲ႔ Michael Vines တို႔က ပူးတြဲတည္ေထာင္ခဲ့တဲ့ ကုမၸဏီက Mozilla ရဲ႕ Firefox OS စမတ္ဖုန္း Software Project ကိုလည္း လုပ္ေဆာင္ခဲ့ပါေသးတယ္။

Apple နဲ႔ စၿပီးသေဘာတူညီခ်က္ရခဲ့တုန္းက Silk Labs မွာ အလုပ္လုပ္ကိုင္သူ ၁၂ ဦးမွ်သာ ရွိေသးတာလည္း ျဖစ္ပါတယ္။ ဒီေနာက္မွာေတာ့ Apple က ရန္ပုံေငြအျဖစ္ ေဒၚလာ ၄သန္းကို ေပးအပ္ခဲ့တယ္လို႔လည္း သိရပါတယ္။

Apple CEO Tim Cook ကေတာ့ ၿပီးခဲ့တဲ့လ ဥေရာပ ပါလီမန္ မွာတုန္းက ေဒတာေတြရဲ႕ လုံၿခဳံမႈကို အဓိက ထားတယ္လို႔ ဆိုသြားခဲ့ပါတယ္။ ဒါ့အျပင္ အေမရိကန္မွာ ျပည့္စုံတဲ့ ဖက္ဒရယ္ ေဒတာလုံၿခဳံစြာတည္ရွိမႈကိုလည္း ေထာက္ပံ့ေပးႏိုင္တယ္လို႔ ဆိုသြားပါေသးတယ္။ လက္ရွိသတင္းနဲ႔ ပတ္သက္ၿပီးေတာ့ သတင္းေထာက္ေတြရဲ႕ ေရးသားမႈေတြနဲ႔ ပတ္သက္ၿပီး Apple ေရာ Silk Labs ကပါ တုံ႔ျပန္ျခင္း မရွိေသးတာကို ေတြ႕ရပါတယ္။

Ref: Cnet

 

[Unicode]

Apple ဟာ Silk Labs မှာ ဉာဏ်ရည်တု နည်းပညာကို တိတ်တဆိတ်ပဲ စတင်နေပြီလို့ သတင်းတွေ ထွက်ပေါ်လာပါပြီ။ ဒီနှစ်ရဲ့ အစောပိုင်းကတည်းက ဝယ်ယူထားတာဖြစ်တယ်လို့လည်း အမည်မဖော်တဲ့ သတင်းရင်းမြစ်ကတစ်ဆင့် သိရပါတယ်။

Silk Labs ဟာ စက်ပစ္စည်းပေါ်မှာ AI Software ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးပြု လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ Cloud နဲ့ မချိတ်ဆက်ဘဲ ကုမ္ပဏီအနေနဲ့ ကြီးမားလှတဲ့ ကိုယ်ပိုင်ဒေတာနဲ့ ရှေ့ဆက်မယ်လို့ ဆိုနိုင်ပါတယ်။

ကယ်လီဖိုးနီးယား က San Mateo မှာ ၂၀၁၅ ခုနှစ်တုန်းက Andreas Gal, Chris Jones နဲ့ Michael Vines တို့က ပူးတွဲတည်ထောင်ခဲ့တဲ့ ကုမ္ပဏီက Mozilla ရဲ့ Firefox OS စမတ်ဖုန်း Software Project ကိုလည်း လုပ်ဆောင်ခဲ့ပါသေးတယ်။

Apple နဲ့ စပြီးသဘောတူညီချက်ရခဲ့တုန်းက Silk Labs မှာ အလုပ်လုပ်ကိုင်သူ ၁၂ ဦးမျှသာ ရှိသေးတာလည်း ဖြစ်ပါတယ်။ ဒီနောက်မှာတော့ Apple က ရန်ပုံငွေအဖြစ် ဒေါ်လာ ၄သန်းကို ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။

Apple CEO Tim Cook ကတော့ ပြီးခဲ့တဲ့လ ဥရောပ ပါလီမန် မှာတုန်းက ဒေတာတွေရဲ့ လုံခြုံမှုကို အဓိက ထားတယ်လို့ ဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်မှာ ပြည့်စုံတဲ့ ဖက်ဒရယ် ဒေတာလုံခြုံစွာတည်ရှိမှုကိုလည်း ထောက်ပံ့ပေးနိုင်တယ်လို့ ဆိုသွားပါသေးတယ်။ လက်ရှိသတင်းနဲ့ ပတ်သက်ပြီးတော့ သတင်းထောက်တွေရဲ့ ရေးသားမှုတွေနဲ့ ပတ်သက်ပြီး Apple ရော Silk Labs ကပါ တုံ့ပြန်ခြင်း မရှိသေးတာကို တွေ့ရပါတယ်။

Ref: Cnet