[Zawgyi]

၁၉ ရာစုက ၾသစႀတီးယန္း ဂီတအေက်ာ္အေမာ္ ဖရန္႔ရွဴးဘာ့တ္ဟာ ၁၈၂၂ ခုႏွစ္မွာ အဌမေျမာက္ ဆင္ဖုိနီကုိ ေရးသားခဲ့ေပမယ့္ အၿပီးမသတ္ဘဲ က်န္ခဲ့ပါတယ္။ မ်က္ေမွာက္ေခတ္နည္းပညာကုမၸဏီႀကီးျဖစ္တဲ့ Huawei က ၁၉၇ ႏွစ္သက္တမ္းရွိၿပီျဖစ္တဲ့ မၿပီးဆုံးေသးတဲ့ ဂီတဟာ ယေန႔မွာ AI (ကြန္ျပဴတာဥာဏ္ရည္တု) ရဲ႕ အကူအညီနဲ႔ ျဖည့္ဆည္းႏုိင္ၿပီဆုိတာကို သူတုိ႔ရဲ႕ Mate 20 Pro ဟန္းဆက္မွာပါတဲ့ AI စနစ္ရဲ႕ စြမ္းပကားနဲ႔ သက္ေသျပခဲ့ပါတယ္။

Mate 20 Pro ရဲ႕ Dual NPU ဟာ ရွိၿပီးသား အစိတ္အပုိင္းေတြရဲ႕ အနိမ့္အျမင့္စတဲ့ အခ်က္ေတြကို အရင္သိနားလည္ေအာင္ Analyze လုပ္ၿပီးမွ လုိအပ္ေနတဲ့ အစိတ္အပုိင္းကို ဖန္တီးေပးလုိက္တာပါ။ အဆုိပါ ဂီတသံစဥ္ကိုေတာ့ အမ္မီဆုရ ေတးဂီတပညာရွင္ျဖစ္တဲ့ လူးကပ္စ္ကန္တာ မွ သံစုံတီးဝုိင္းျဖင့္ ျပန္လည္ တင္ဆက္သြားမွာျဖစ္ပါတယ္။

အခုဆုိရင္ ၿပီးျပည့္စုံသြားၿပီျဖစ္တဲ့ ဂီတသံစဥ္ရဲ႕ အျပည့္အစုံကိုေတာ့ လာမယ့္ ေဖေဖာ္ဝါရီ ၄ ရက္ေန႔မွာ လန္ဒန္ၿမိဳ႕က ကာဒုိဂန္ေဟာလ္မွာ တင္ဆက္သြားမွာပါ။ ေအာက္မွာေတာ့ စကၠန္႔သုံးဆယ္စာ ေၾကျငာထားတဲ့ ဗီဒီယုိကို ေတြ႕ႏုိင္ပါတယ္။

ဂီတမွဴး လူးကပ္စ္ကန္တာကေတာ့ သူ႕ရဲ႕တာဝန္က AI ရဲ႕အၾကံဥာဏ္ေကာင္းကို ထုတ္ယူၿပီး လိုအပ္တဲ့ ဂီတအစိတ္အပုိင္းကို သံစုံတီးဝုိင္းျဖင့္ ေဖ်ာ္ေျဖႏုိင္ေအာင္ ကူညီျဖည့္ဆည္းေပးဖုိ႔ျဖစ္တယ္လို႔ ဆုိပါတယ္။ ဒါ့အျပင္ AI နည္းပညာနဲ႔ ေပါင္းစပ္ျခင္းဟာ ေမာ္ဒန္ယဥ္ေက်းမႈေတြကို ေကာင္းမြန္တဲ့ အခြင့္အလန္းေတြနဲ႔ သက္ေရာက္မႈေတြ ရွိလာလိမ့္မယ္လို႔ ဆုိပါတယ္။

Ref – GSM Arena

[Unicode]

၁၉ ရာစုက သြစတြီးယန်း ဂီတအကျော်အမော် ဖရန့်ရှူးဘာ့တ်ဟာ ၁၈၂၂ ခုနှစ်မှာ အဌမမြောက် ဆင်ဖိုနီကို ရေးသားခဲ့ပေမယ့် အပြီးမသတ်ဘဲ ကျန်ခဲ့ပါတယ်။ မျက်မှောက်ခေတ်နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Huawei က ၁၉၇ နှစ်သက်တမ်းရှိပြီဖြစ်တဲ့ မပြီးဆုံးသေးတဲ့ ဂီတဟာ ယနေ့မှာ AI (ကွန်ပြူတာဉာဏ်ရည်တု) ရဲ့ အကူအညီနဲ့ ဖြည့်ဆည်းနိုင်ပြီဆိုတာကို သူတို့ရဲ့ Mate 20 Pro ဟန်းဆက်မှာပါတဲ့ AI စနစ်ရဲ့ စွမ်းပကားနဲ့ သက်သေပြခဲ့ပါတယ်။

Mate 20 Pro ရဲ့ Dual NPU ဟာ ရှိပြီးသား အစိတ်အပိုင်းတွေရဲ့ အနိမ့်အမြင့်စတဲ့ အချက်တွေကို အရင်သိနားလည်အောင် Analyze လုပ်ပြီးမှ လိုအပ်နေတဲ့ အစိတ်အပိုင်းကို ဖန်တီးပေးလိုက်တာပါ။ အဆိုပါ ဂီတသံစဉ်ကိုတော့ အမ်မီဆုရ တေးဂီတပညာရှင်ဖြစ်တဲ့ လူးကပ်စ်ကန်တာ မှ သံစုံတီးဝိုင်းဖြင့် ပြန်လည် တင်ဆက်သွားမှာဖြစ်ပါတယ်။

အခုဆိုရင် ပြီးပြည့်စုံသွားပြီဖြစ်တဲ့ ဂီတသံစဉ်ရဲ့ အပြည့်အစုံကိုတော့ လာမယ့် ဖေဖော်ဝါရီ ၄ ရက်နေ့မှာ လန်ဒန်မြို့က ကာဒိုဂန်ဟောလ်မှာ တင်ဆက်သွားမှာပါ။ အောက်မှာတော့ စက္ကန့်သုံးဆယ်စာ ကြေငြာထားတဲ့ ဗီဒီယိုကို တွေ့နိုင်ပါတယ်။

ဂီတမှူး လူးကပ်စ်ကန်တာကတော့ သူ့ရဲ့တာဝန်က AI ရဲ့အကြံဉာဏ်ကောင်းကို ထုတ်ယူပြီး လိုအပ်တဲ့ ဂီတအစိတ်အပိုင်းကို သံစုံတီးဝိုင်းဖြင့် ဖျော်ဖြေနိုင်အောင် ကူညီဖြည့်ဆည်းပေးဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် AI နည်းပညာနဲ့ ပေါင်းစပ်ခြင်းဟာ မော်ဒန်ယဉ်ကျေးမှုတွေကို ကောင်းမွန်တဲ့ အခွင့်အလန်းတွေနဲ့ သက်ရောက်မှုတွေ ရှိလာလိမ့်မယ်လို့ ဆိုပါတယ်။

Ref – GSM Arena