[Zawgyi]

Vivo ကုမၸဏီရဲ႕ အမွတ္တံဆိပ္အသစ္ iQOO ဟာ မတ္လ တစ္ရက္ေန႔မွာ မိတ္ဆက္သြားမွာျဖစ္ၿပီး မိတ္ဆက္ပြဲမတုိင္ခင္မွာပဲ Teaser ေတြ အမ်ဳိးမ်ဳိးထြက္ေနခဲ့ပါတယ္။ တနလၤာေန႔က Specs ေတြ အျပည္အစုံနီးပါး ေပါက္ၾကားခဲ့ၿပီးေနာက္ အခု TENAA မွာ သူ႕ရဲ႕ဓါတ္ပုံေတြ ထြက္ေပၚလာတာေၾကာင့္ မိတ္ဆက္ပြဲမတုိင္ခင္ အကုန္အစင္ ျမင္ေတြ႕ရၿပီလို႔ေတာင္ ဆုိရမွာပါ။

iQOO ဖုန္းအသစ္ဟာ ေနာက္ဘက္မွာ ကင္မရာသုံးလုံးကို ေဒါင္လုိက္ထည့္သြင္းလာမွာျဖစ္ၿပီး ေရွ႕ဘက္မွာေတာ့ Waterdrop Notch တစ္ခုပါတဲ့ ခပ္ရွည္ရွည္ Screen တစ္ခုကို ေတြ႕ရပါတယ္။ ပုံမွန္ ပါဝါနဲ႔ အသံခလုတ္ေတြက ဖုန္းရဲ႕ညာဘက္ျခမ္းမွာ ပါလာၿပီး ဘယ္ဘယ္မွာေတာ့ Voice Assistant အတြက္ ခလုတ္တစ္ခု ပါပါတယ္။ ေနာက္ဘက္ျမင္ကြင္းဟာ သိပ္ေတာ့ အံ့ၾသေစမွာမဟုတ္ေတာ့ဘဲ iQOO ရဲ႕ တရားဝင္ Weibo စာမ်က္ႏွာမွာလည္း ထြက္ေပၚလာခဲ့ၿပီးသားပါ။

iQOO ဖုန္းအသစ္ဟာ ေမာ္ဒယ္ေလးမ်ဳိးနဲ႔ ေရာက္လာမွာျဖစ္ၿပီး 6/128 GB မန္မုိရီနဲ႔ ပုံမွန္ေမာ္ဒယ္က တရုတ္ယြမ္ေငြ ၃,၅၉၈ (ျမန္မာေငြရွစ္သိန္းဝန္းက်င္) က်သင့္မွာပါ။ ပုိစြမ္းေဆာင္ရည္ျမင့္တဲ့ 8/128 GB ဗားရွင္းကေတာ့ တရုတ္ယြမ္ေငြ ၃,၇၉၈ (ျမန္မာေငြရွစ္သိန္းခြဲခန္႔) သတ္မွတ္လာမွာျဖစ္ကာ သူ႕ထက္ Storage ႏွစ္ဆပုိျမင့္တဲ့ 8/256 GB ေမာ္ဒယ္က တရုတ္ယြမ္ေငြ ၃,၉၉၈ (ျမန္မာေငြကိုးသိန္းနီးပါး) ေပးရမွာျဖစ္ပါတယ္။

အားလုံးထဲမွာ စြမ္းအားအျမင့္ဆုံးလုိ႔ ဆုိရမယ့္ 12 GB RAM နဲ႔ 256 GB Storage ေမာ္ဒယ္ႀကီးကေတာ့ တရုတ္ယြမ္ေငြ ၄,၉၉၈ (ျမန္မာေငြ ၁၁ သိန္းေက်ာ္) သတ္မွတ္လာမွာျဖစ္ပါတယ္။ စထြက္ထြက္ခ်င္းမွာပဲ စြမ္းအားျမင့္ဟန္းဆက္ေတြနဲ႔ ထိုးေဖာက္ဖို႔ ႀကဳိးစားလာတဲ့ iQOO မိတ္ဆက္ပြဲကို မနက္ျဖန္မွာ ေတြ႕ရေတာ့မွာပဲ ျဖစ္ပါတယ္။

Ref – GSM Arena

[Unicode]

Vivo ကုမ္ပဏီရဲ့ အမှတ်တံဆိပ်အသစ် iQOO ဟာ မတ်လ တစ်ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ပြီး မိတ်ဆက်ပွဲမတိုင်ခင်မှာပဲ Teaser တွေ အမျိုးမျိုးထွက်နေခဲ့ပါတယ်။ တနင်္လာနေ့က Specs တွေ အပြည်အစုံနီးပါး ပေါက်ကြားခဲ့ပြီးနောက် အခု TENAA မှာ သူ့ရဲ့ဓါတ်ပုံတွေ ထွက်ပေါ်လာတာကြောင့် မိတ်ဆက်ပွဲမတိုင်ခင် အကုန်အစင် မြင်တွေ့ရပြီလို့တောင် ဆိုရမှာပါ။

iQOO ဖုန်းအသစ်ဟာ နောက်ဘက်မှာ ကင်မရာသုံးလုံးကို ဒေါင်လိုက်ထည့်သွင်းလာမှာဖြစ်ပြီး ရှေ့ဘက်မှာတော့ Waterdrop Notch တစ်ခုပါတဲ့ ခပ်ရှည်ရှည် Screen တစ်ခုကို တွေ့ရပါတယ်။ ပုံမှန် ပါဝါနဲ့ အသံခလုတ်တွေက ဖုန်းရဲ့ညာဘက်ခြမ်းမှာ ပါလာပြီး ဘယ်ဘယ်မှာတော့ Voice Assistant အတွက် ခလုတ်တစ်ခု ပါပါတယ်။ နောက်ဘက်မြင်ကွင်းဟာ သိပ်တော့ အံ့သြစေမှာမဟုတ်တော့ဘဲ iQOO ရဲ့ တရားဝင် Weibo စာမျက်နှာမှာလည်း ထွက်ပေါ်လာခဲ့ပြီးသားပါ။

iQOO ဖုန်းအသစ်ဟာ မော်ဒယ်လေးမျိုးနဲ့ ရောက်လာမှာဖြစ်ပြီး 6/128 GB မန်မိုရီနဲ့ ပုံမှန်မော်ဒယ်က တရုတ်ယွမ်ငွေ ၃,၅၉၈ (မြန်မာငွေရှစ်သိန်းဝန်းကျင်) ကျသင့်မှာပါ။ ပိုစွမ်းဆောင်ရည်မြင့်တဲ့ 8/128 GB ဗားရှင်းကတော့ တရုတ်ယွမ်ငွေ ၃,၇၉၈ (မြန်မာငွေရှစ်သိန်းခွဲခန့်) သတ်မှတ်လာမှာဖြစ်ကာ သူ့ထက် Storage နှစ်ဆပိုမြင့်တဲ့ 8/256 GB မော်ဒယ်က တရုတ်ယွမ်ငွေ ၃,၉၉၈ (မြန်မာငွေကိုးသိန်းနီးပါး) ပေးရမှာဖြစ်ပါတယ်။

အားလုံးထဲမှာ စွမ်းအားအမြင့်ဆုံးလို့ ဆိုရမယ့် 12 GB RAM နဲ့ 256 GB Storage မော်ဒယ်ကြီးကတော့ တရုတ်ယွမ်ငွေ ၄,၉၉၈ (မြန်မာငွေ ၁၁ သိန်းကျော်) သတ်မှတ်လာမှာဖြစ်ပါတယ်။ စထွက်ထွက်ချင်းမှာပဲ စွမ်းအားမြင့်ဟန်းဆက်တွေနဲ့ ထိုးဖောက်ဖို့ ကြိုးစားလာတဲ့ iQOO မိတ်ဆက်ပွဲကို မနက်ဖြန်မှာ တွေ့ရတော့မှာပဲ ဖြစ်ပါတယ်။

Ref – GSM Arena