[Zawgyi]

Honor ကေနၿပီးေတာ့ အသစ္ထပ္မံ မိတ္ဆက္လိုက္တဲ့ Honor 8A ဟာဆိုရင္ မည္သူမဆို ဝယ္ယူဖို႔ လက္လွမ္းမွီတဲ့ Affordable စမတ္ဖုန္း အမ်ိဴးအစားပဲ ျဖစ္ပါတယ္။ Honor 8A ကို လက္ရွိျပည္တြင္းေစ်းကြက္မွာ ၁၇၉,၉၀၀ က်ပ္နဲ႔ ေရာင္းခ်ေနတာျဖစ္ၿပီး အနီ၊ အမဲ၊ အျပာနဲ႔ ေ႐ႊေရာင္ဆိုၿပီး အေရာင္ ၄မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မယ္လို႔ သိရပါတယ္။ ကြၽန္ေတာ္တို႔ MyTech Myanmar အေနနဲ႔လည္း Honor 8A ကို စမ္းသပ္အသုံးျပဳခြင့္ ရရွိခဲ့တဲ့အတြက္ Honor 8A နဲ႔ ပတ္သက္တဲ့ အေတြ႕အႀကဳံေလးေတြကို ျပန္လည္မွ်ေဝေပးခ်င္ပါတယ္။

Design , Build & Speaker

ပထမဦးဆုံးအေနနဲ႔ Honor 8A ရဲ႕ ဒီဇိုင္းအပိုင္းကို ေျပာျပခ်င္ပါတယ္။ တန္ေၾကး ၂သိန္းေအာက္သာရွိတဲ့ Honor 8A ကို ေကာက္ကိုင္လိုက္ၿပီဆိုတာနဲ႔ ပထမဦးဆုံး သတိထားမိေစမွာက သူ႔မွာပါတဲ့ ေနာက္ဆုံးေပၚ ဒီဇိုင္း ၂ခုပါ။ ပထမတစ္ခုက ယေန႔ေခတ္ စမတ္ဖုန္းေလာကမွာ ေရပန္းစားေနတဲ့ DewDrop (Waterdrop Notch) Display အမ်ိဴးအစားျဖစ္ၿပီး၊ ဒုတိယတစ္ခုကေတာ့ Honor ရဲ႕ Flagship စမတ္ဖုန္း Honor 8X မွာ စတင္အသုံးျပဳခဲ့တဲ့ Double-color Textured ဒီဇိုင္းပါ။

DewDrop Display ကို Screen-to-Body Ratio မ်ားေအာင္ အသုံးျပဳေပးထားေပမယ့္ Chin နဲ႔ Bezels ေတြကေတာ့ ရွိသင့္တာထက္ အနည္းငယ္ပိုႀကီးေနတာ ေတြ႕ရပါတယ္။ Mic , MicroUSB နဲ႔ Speaker ေတြကို ဖုန္းရဲ႕ ေအာက္ေျခမွာ ထည့္သြင္းတပ္ဆင္ေပးထားၿပီး 3.5mm Headphone Jack ကိုေတာ့ အေပၚဘက္မွာ ေျပာင္းလဲ တပ္ဆင္ေပးထားပါတယ္။ Speaker က ေတာ္ေတာ္ေလးကို က်ယ္တယ္။ Honor 8A ရဲ႕ ေၾကာ္ျငာေဆာင္ပုဒ္မွာ ပါတဲ့ Better Sound ဆိုတာထက္ Louder Sound လို႔ ေျပာရင္ ပိုမွန္လိမ့္မယ္။ Slot က Triple-Card Slot ျဖစ္တာေၾကာင့္ SIM Card ၂ကဒ္နဲ႔အတူ MicroSD Card ကို တၿပိဳင္တည္းထည့္ အသုံးျပဳခ်င္သူေတြအတြက္ ေတာ္ေတာ္ေလး အဆင္ေျပေစတယ္။ Thumbs Up ပါ။

Honor 8A မွာ ႀကိဳးမဲ့ FM ေရဒီယိုစနစ္ပါဝင္လာတယ္။ တျခားဖုန္းေတြနဲ႔ ယွဥ္ၾကည့္မယ္ဆိုရင္ Honor 8A ရဲ႕ ႀကိဳးမဲ့ FM ေရဒီယိုစနစ္ေၾကာင့္ Radio နားေထာင္မယ္ဆိုရင္ နားၾကပ္တပ္ဖို႔ မလိုအပ္ေတာ့ပါဘူး။ အခုဆိုရင္ ေရဒီယိုကေန သီခ်င္းနားေထာင္တာပဲျဖစ္ျဖစ္၊ သတင္းနားေထာင္တာပဲျဖစ္ျဖစ္ မိုဘိုင္းလ္ဖုန္း အင္တာနက္ဖြင့္ဖို႔ မလိုေတာ့သလို နားၾကပ္လည္းတပ္စရာမလိုေတာ့ပါဘူး။ FM လိုင္းကအရမ္းကိုၾကည္လင္ၿပီး Online မွာနားေထာင္ေနတဲ့အတိုင္း ခံစားရမယ္လို႔ ဆိုပါတယ္။

Performance

ကြၽန္ေတာ္စမ္းသပ္ အသုံးျပဳခြင့္ ရရွိခဲ့တဲ့ ေမာ္ဒယ္က RAM 3GB နဲ႔ Storage 32GB ပါဝင္ပါတယ္။ Processor အပိုင္းအတြက္ 12nm Architecture ေပၚ အေျခခံၿပီးတည္ေဆာက္ထားတဲ့ MediaTek Helio P35 SoC ကို အသုံးျပဳထားပါတယ္။ ေငြက်ပ္ ၂သိန္းေက်ာ္ တန္းေၾကးရွိတဲ့ Xiaomi Mi Play မွာလည္း အဆိုပါ SoC ကိုပဲ အသုံးျပဳထားပါတယ္။ Helio P35 ကို စမ္းသပ္ အသုံးမျပဳရေသးဘူးဆိုရင္ အဆိုပါ SoC ကို အထင္ေသးေကာင္း ေသးပါလိမ့္မယ္။ ဒါေပမယ့္ Helio P35 က Snapdragon 625 (14nm) SoC ထက္ ပိုေကာင္းပါတယ္။ ဒါ့ေၾကာင့္ ကြၽန္ေတာ္ PUBG Mobile ကို ၁နာရီေက်ာ္ စမ္းေဆာ့ၾကည့္ျဖစ္တယ္။

Honor 8A ရဲ႕ Speaker အရည္အေသြးက သီခ်င္းနားေထာင္တဲ့အခါမွာ အရမ္းႀကီး မသိသာေပမယ့္ Game ေဆာ့တဲ့အခါမွာေတာ့ ေတာ္ေတာ္ေလး မိုက္တယ္။ တခါတေလမွာ Frame Rate က်ၿပီး Lag သြားတာမ်ိဴးေလးေတြ ရွိေပမယ့္ ေဆာ့လို႔ အဆင္ေျပတယ္။ ဒီေတာ့ PUBG Mobile ကိုေတာင္ ေဆာ့လို႔ အဆင္ေျပေနၿပီဆိုရင္ Mobile Legends ဂိမ္မာေတြအေနနဲ႔ Honor 8A ရဲ႕ စြမ္းေဆာင္ရည္အပိုင္းကို စိတ္ပူစရာ မလိုေတာ့ပါဘူး။

Battery

ဘက္ထရီက 3020mAh ပဲပါလို႔ Resolution 720 x 1560 Pixels ရွိတဲ့ ၆.၁လက္မ အ႐ြယ္ LCD Display အတြက္ အားမရမိတာေတာ့ အမွန္ပါပဲ။ ဒါေပမယ့္ Helio P35 က 12nm Architecture SoC အမ်ိဴးအစားျဖစ္သလို ဘက္ထရီအားစားကလည္း ပိုနည္းလာတာေၾကာင့္ 3020mAh ဘက္ထရီက Honor 8A အတြက္ လုံေလာက္တဲ့ ပမာဏလို႔ ေျပာႏိုင္ပါတယ္။ Honor 8A မွာ အျမန္အားသြင္းစနစ္ မပါဝင္တာေၾကာင့္ ၃၅% ရဖို႔အတြက္ ၁နာရီ ဝန္းက်င္ အခ်ိန္ေပးရပါတယ္။ ဘက္ထရီအား အရမ္းစားတဲ့ PUBG Mobile ကို ၁နာရီေက်ာ္ ေဆာာ့ၾကည့္တဲ့အခါမွာေတာ့ ၂၀% ဝန္းက်င္ ကုန္တာ ေတြ႕ရပါတယ္။ ဒါ့ေၾကာင့္ Facebook, Messenger နဲ႔ Tik Tok တို႔လိုမ်ိဴး Applications ေတြကို သုံးလိုက္၊ Game ေဆာ့လိုက္လုပ္မယ္ဆိုရင္ တေန႔တာကေတာ့ ေအးေအးေဆးေဆး အသုံးခံမယ့္ အေနအထားပါ။

Display & Security

၆လက္မေက်ာ္ DewDrop FullView Display အမ်ိဴးအစားကို အသုံးျပဳထားတဲ့အတြက္ စာပဲဖတ္ဖတ္၊ Game ပဲ ေဆာ့ေဆာ့ အားရစရာေကာင္းပါတယ္။ Brightness နဲ႔ Contrast အပိုင္းေတြမွာလည္း ၂သိန္းေအာက္ စမတ္ဖုန္း တစ္လုံးအေနနဲ႔ ၾကည့္မယ္ဆိုရင္ ေတာ္ေတာ္ေလး မိုက္ပါတယ္။ Security အပိုင္းအတြက္ Fingerprint Sensor မပါဝင္ေပမယ့္ Face Unlock စနစ္ကိုေတာ့ အလင္းေရာင္ေအာက္မွာ အဆင္ေျပေျပ အသုံးျပဳႏိုင္ပါတယ္။

Camera

Honor 8A ရဲ႕ ေက်ာဘက္ ကင္မရာအပိုင္းအတြက္ Phase-Detection Autofocus နဲ႔ HDR ေထာက္ပံ့မႈစနစ္ေတြပါတဲ့ Aperture f/1.8 အက်ယ္ရွိ 13MP Camera ကို တပ္ဆင္ေပးထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္ DewDrop Notch ထဲမွာေတာ့ Aperture f/2.0 အက်ယ္ရွိ 8MP Camera ကို တပ္ဆင္ေပးထားပါတယ္။ Honor 7A တုန္းကလိုမ်ိဴး Bokeh Effect ႐ိုက္ကူးလို႔ရတဲ့ 2MP Depth Sensor ေတာ့ ပါဝင္မွာ မဟုတ္ဘူး။ Selfie Camera ကို သိပ္ၿပီးအားမရေပမယ့္ မဆိုးဘူးလို႔ ေျပာရမွာပါ။ ဒါေပမယ့္ သူရဲ႕ Auto Focus က ေတာ္ေတာ္ေလး ေကာင္းမြန္တာကို ေတြ႕ရတယ္။ Over-Saturation ျဖစ္ေနတာမ်ိဴးေတြလည္း မေတြ႕ရပါဘူး။

Conclusion

နိဂုန္းခ်ဴပ္အေနနဲ႔ ေျပာရမယ္ဆိုရင္ Honor 8A က Price-to-Performance Ratio ေကာင္းမြန္တဲ့ စမတ္ဖုန္းေတြထဲက တစ္လုံးပါ။ Honor 8A ရဲ႕ ဘက္ထရီက နည္းနည္းေလးပိုမ်ားၿပီး၊ ကင္မရာအပိုင္းကို ယခုထက္ပိုၿပီးအဆင့္ျမႇင့္တင္ထားရင္ သိပ္ေကာင္းမွာပဲလို႔ ေတြးမိေပမယ့္ စြမ္းေဆာင္ရည္နဲ႔ Speaker ေတြကေတာ့ ေမွ်ာ္လင့္ထားတာထက္ပိုၿပီး စိတ္ေက်နပ္မႈ ေပးစြမ္းႏိုင္ပါတယ္။ ဒါ့ေၾကာင့္ တန္ဖိုးနည္းနည္း၊ စြမ္းေဆာင္ရည္ေကာင္းေကာင္း၊ Speaker က်ယ္က်ယ္ စမတ္ဖုန္းကို ရွာေနတယ္ဆိုရင္ေတာ့ Honor 8A က ေ႐ြးခ်ယ္စရာ စမတ္ဖုန္း တစ္လုံး ျဖစ္လာမွာပါ။

[Unicode]

ငွေကျပ် ၂သိန်းအောက်သာ ရှိတဲ့ Honor 8A က ဘယ်လိုဖုန်းမျိူး ဖြစ်မလဲ ??? (Honor 8A Review)

Honor ကနေပြီးတော့ အသစ်ထပ်မံ မိတ်ဆက်လိုက်တဲ့ Honor 8A ဟာဆိုရင် မည်သူမဆို ဝယ်ယူဖို့ လက်လှမ်းမှီတဲ့ Affordable စမတ်ဖုန်း အမျိူးအစားပဲ ဖြစ်ပါတယ်။ Honor 8A ကို လက်ရှိပြည်တွင်းစျေးကွက်မှာ ၁၇၉,၉၀၀ ကျပ်နဲ့ ရောင်းချနေတာဖြစ်ပြီး အနီ၊ အမဲ၊ အပြာနဲ့ ရွှေရောင်ဆိုပြီး အရောင် ၄မျိူး ရွေးချယ်ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ ကျွန်တော်တို့ MyTech Myanmar အနေနဲ့လည်း Honor 8A ကို စမ်းသပ်အသုံးပြုခွင့် ရရှိခဲ့တဲ့အတွက် Honor 8A နဲ့ ပတ်သက်တဲ့ အတွေ့အကြုံလေးတွေကို ပြန်လည်မျှဝေပေးချင်ပါတယ်။

Design , Build & Speaker

ပထမဦးဆုံးအနေနဲ့ Honor 8A ရဲ့ ဒီဇိုင်းအပိုင်းကို ပြောပြချင်ပါတယ်။ တန်ကြေး ၂သိန်းအောက်သာရှိတဲ့ Honor 8A ကို ကောက်ကိုင်လိုက်ပြီဆိုတာနဲ့ ပထမဦးဆုံး သတိထားမိစေမှာက သူ့မှာပါတဲ့ နောက်ဆုံးပေါ် ဒီဇိုင်း ၂ခုပါ။ ပထမတစ်ခုက ယနေ့ခေတ် စမတ်ဖုန်းလောကမှာ ရေပန်းစားနေတဲ့ DewDrop (Waterdrop Notch) Display အမျိူးအစားဖြစ်ပြီး၊ ဒုတိယတစ်ခုကတော့ Honor ရဲ့ Flagship စမတ်ဖုန်း Honor 8X မှာ စတင်အသုံးပြုခဲ့တဲ့ Double-color Textured ဒီဇိုင်းပါ။

DewDrop Display ကို Screen-to-body Ratio များအောင် အသုံးပြုပေးထားပေမယ့် Chin နဲ့ Bezels တွေကတော့ ရှိသင့်တာထက် အနည်းငယ်ပိုကြီးနေတာ တွေ့ရပါတယ်။ Mic , MicroUSB နဲ့ Speaker တွေကို ဖုန်းရဲ့ အောက်ခြေမှာ ထည့်သွင်းတပ်ဆင်ပေးထားပြီး 3.5mm Headphone Jack ကိုတော့ အပေါ်ဘက်မှာ ပြောင်းလဲ တပ်ဆင်ပေးထားပါတယ်။ Speaker က တော်တော်လေးကို ကျယ်တယ်။ Honor 8A ရဲ့ ကြော်ငြာဆောင်ပုဒ်မှာ ပါတဲ့ Better Sound ဆိုတာထက် Louder Sound လို့ ပြောရင် ပိုမှန်လိမ့်မယ်။ Slot က Triple-card Slot ဖြစ်တာကြောင့် SIM Card ၂ကဒ်နဲ့အတူ MicroSD Card ကို တပြိုင်တည်းထည့် အသုံးပြုချင်သူတွေအတွက် တော်တော်လေး အဆင်ပြေစေတယ်။ Thumbs Up ပါ။

Honor 8A မှာ ကြိုးမဲ့ FM ရေဒီယိုစနစ်ပါဝင်လာတယ်။ တခြားဖုန်းတွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင် Honor 8A ရဲ့ ကြိုးမဲ့ FM ရေဒီယိုစနစ်ကြောင့် Radio နားထောင်မယ်ဆိုရင် နားကြပ်တပ်ဖို့ မလိုအပ်တော့ပါဘူး။ အခုဆိုရင် ရေဒီယိုကနေ သီချင်းနားထောင်တာပဲဖြစ်ဖြစ်၊ သတင်းနားထောင်တာပဲဖြစ်ဖြစ် မိုဘိုင်းလ်ဖုန်း အင်တာနက်ဖွင့်ဖို့ မလိုတော့သလို နားကြပ်လည်းတပ်စရာမလိုတော့ပါဘူး။ FM လိုင်းကအရမ်းကိုကြည်လင်ပြီး online မှာနားထောင်နေတဲ့အတိုင်း ခံစားရမယ်လို့ ဆိုပါတယ်။

Performance

ကျွန်တော်စမ်းသပ် အသုံးပြုခွင့် ရရှိခဲ့တဲ့ မော်ဒယ်က RAM 3GB နဲ့ Storage 32GB ပါဝင်ပါတယ်။ Processor အပိုင်းအတွက် 12nm Architecture ပေါ် အခြေခံပြီးတည်ဆောက်ထားတဲ့ MediaTek Helio P35 SoC ကို အသုံးပြုထားပါတယ်။ ငွေကျပ် ၂သိန်းကျော် တန်းကြေးရှိတဲ့ Xiaomi Mi Play မှာလည်း အဆိုပါ SoC ကိုပဲ အသုံးပြုထားပါတယ်။ Helio P35 ကို စမ်းသပ် အသုံးမပြုရသေးဘူးဆိုရင် အဆိုပါ SoC ကို အထင်သေးကောင်း သေးပါလိမ့်မယ်။ ဒါပေမယ့် Helio P35 က Snapdragon 625 (14nm) SoC ထက် ပိုကောင်းပါတယ်။ ဒါ့ကြောင့် ကျွန်တော် PUBG Mobile ကို ၁နာရီကျော် စမ်းဆော့ကြည့်ဖြစ်တယ်။

Honor 8A ရဲ့ Speaker အရည်အသွေးက သီချင်းနားထောင်တဲ့အခါမှာ အရမ်းကြီး မသိသာပေမယ့် Game ဆော့တဲ့အခါမှာတော့ တော်တော်လေး မိုက်တယ်။ တခါတလေမှာ Frame Rate ကျပြီး Lag သွားတာမျိူးလေးတွေ ရှိပေမယ့် ဆော့လို့ အဆင်ပြေတယ်။ ဒီတော့ PUBG Mobile ကိုတောင် ဆော့လို့ အဆင်ပြေနေပြီဆိုရင် Mobile Legends ဂိမ်မာတွေအနေနဲ့ Honor 8A ရဲ့ စွမ်းဆောင်ရည်အပိုင်းကို စိတ်ပူစရာ မလိုတော့ပါဘူး။

Battery

ဘက်ထရီက 3020mAh ပဲပါလို့ Resolution 720 x 1560 pixels ရှိတဲ့ ၆.၁လက်မ အရွယ် LCD Display အတွက် အားမရမိတာတော့ အမှန်ပါပဲ။ ဒါပေမယ့် Helio P35 က 12nm Architecture SoC အမျိူးအစားဖြစ်သလို ဘက်ထရီအားစားကလည်း ပိုနည်းလာတာကြောင့် 3020mAh ဘက်ထရီက Honor 8A အတွက် လုံလောက်တဲ့ ပမာဏလို့ ပြောနိုင်ပါတယ်။ Honor 8A မှာ အမြန်အားသွင်းစနစ် မပါဝင်တာကြောင့် ၃၅% ရဖို့အတွက် ၁နာရီ ဝန်းကျင် အချိန်ပေးရပါတယ်။ ဘက်ထရီအား အရမ်းစားတဲ့ PUBG Mobile ကို ၁နာရီကျော် ဆောာ့ကြည့်တဲ့အခါမှာတော့ ၂၀% ဝန်းကျင် ကုန်တာ တွေ့ရပါတယ်။ ဒါ့ကြောင့် Facebook, Messenger နဲ့ Tik Tok တို့လိုမျိူး Applications တွေကို သုံးလိုက်၊ Game ဆော့လိုက်လုပ်မယ်ဆိုရင် တနေ့တာကတော့ အေးအေးဆေးဆေး အသုံးခံမယ့် အနေအထားပါ။

Display & Security

၆လက်မကျော် DewDrop FullView Display အမျိူးအစားကို အသုံးပြုထားတဲ့အတွက် စာပဲဖတ်ဖတ်၊ Game ပဲ ဆော့ဆော့ အားရစရာကောင်းပါတယ်။ Brightness နဲ့ Contrast အပိုင်းတွေမှာလည်း ၂သိန်းအောက် စမတ်ဖုန်း တစ်လုံးအနေနဲ့ ကြည့်မယ်ဆိုရင် တော်တော်လေး မိုက်ပါတယ်။ Security အပိုင်းအတွက် Fingerprint Sensor မပါဝင်ပေမယ့် Face Unlock စနစ်ကိုတော့ အလင်းရောင်အောက်မှာ အဆင်ပြေပြေ အသုံးပြုနိုင်ပါတယ်။

Camera
Honor 8A ရဲ့ ကျောဘက် ကင်မရာအပိုင်းအတွက် Phase-Detection Autofocus နဲ့ HDR ထောက်ပံ့မှုစနစ်တွေပါတဲ့ Aperture f/1.8 အကျယ်ရှိ 13MP Camera ကို တပ်ဆင်ပေးထားပြီး ရှေ့ဘက်မျက်နှာပြင် DewDrop Notch ထဲမှာတော့ Aperture f/2.0 အကျယ်ရှိ 8MP Camera ကို တပ်ဆင်ပေးထားပါတယ်။ Honor 7A တုန်းကလိုမျိူး Bokeh Effect ရိုက်ကူးလို့ရတဲ့ 2MP Depth Sensor တော့ ပါဝင်မှာ မဟုတ်ဘူး။ Selfie Camera ကို သိပ်ပြီးအားမရပေမယ့် မဆိုးဘူးလို့ ပြောရမှာပါ။ ဒါပေမယ့် သူရဲ့ Auto Focus က တော်တော်လေး ကောင်းမွန်တာကို တွေ့ရတယ်။ Over-saturation ဖြစ်နေတာမျိူးတွေလည်း မတွေ့ရပါဘူး။

Conclusion

နိဂုန်းချူပ်အနေနဲ့ ပြောရမယ်ဆိုရင် Honor 8A က Price-to-performance Ratio ကောင်းမွန်တဲ့ စမတ်ဖုန်းတွေထဲက တစ်လုံးပါ။ Honor 8A ရဲ့ ဘက်ထရီက နည်းနည်းလေးပိုများပြီး၊ ကင်မရာအပိုင်းကို ယခုထက်ပိုပြီးအဆင့်မြှင့်တင်ထားရင် သိပ်ကောင်းမှာပဲလို့ တွေးမိပေမယ့် စွမ်းဆောင်ရည်နဲ့ Speaker တွေကတော့ မျှော်လင့်ထားတာထက်ပိုပြီး စိတ်ကျေနပ်မှု ပေးစွမ်းနိုင်ပါတယ်။ ဒါ့ကြောင့် တန်ဖိုးနည်းနည်း၊ စွမ်းဆောင်ရည်ကောင်းကောင်း၊ Speaker ကျယ်ကျယ် စမတ်ဖုန်းကို ရှာနေတယ်ဆိုရင်တော့ Honor 8A က ရွေးချယ်စရာ စမတ်ဖုန်း တစ်လုံး ဖြစ်လာမှာပါ။